Su-57 တွင် အဆင့် ၂ အင်ဂျင်တပ်ဆင်လိုက်ခြင်းကြောင့် တိုက်ခိုက်ရေးစွမ်းရည်များ ပိုမိုကောင်း မွန်လာ

နိုဝင်ဘာ ၁၅

       ရုရှားနိုင်ငံထုတ် ပဉ္စမမျိုးဆက် တိုက်လေ ယာဉ် ဖြစ်သည့် Su-57 တိုက်လေယာဉ်ကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ပြီး အဆင့် ၂ အင်ဂျင်တပ်ဆင်ပေး လိုက်ပြီ ဖြစ်သောကြောင့် လေယာဉ် ၏တိုက်ခိုက်ရေးစွမ်းအားများ ပိုမိုကောင်းလာပြီဖြစ်ကြောင်း Rostec State ကော်ပိုရေးရှင်းကထုတ်ပြန်ထားသည်။

       လက်ရှိတွင် တိုက်လေယာဉ် သည် အင်ဂျင်အသစ်ကို တပ်ဆင်ကာ စမ်းသပ်ပျံသန်းမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်းနှင့် အဆိုပါ အင်ဂျင်အသစ်နှင့် တိုက် လေယာဉ်များကို လက်ရှိထုတ် လုပ်မှု သဘောတူညီချက်အရ လွှဲပြောင်းပေးသွားရန် စီစဉ်ထားကြောင်း နိုင်ငံပိုင်လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီက ပြော သည်။

      ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ Su-57 ရဲ့ပလက် ဖောင်းသည် တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာပြီး တိုက်ခိုက်ရေးစွမ်းရည်များလည်း မြင့်တက်လာကာ နောက်ဆုံးပေါ်နည်းပညာနှင့် ပေါင်းစပ်လာနိုင်တာကြောင့် Su-57 ၏ တိုက်စွမ်းရည်များ တိုးတက်လာသည်ဟု ဖော်ပြသည်။

       လေယာဉ်၏အင်ဂျင်အပိုင်းနှင့်ပတ်သက်၍ Su-57 သည် ပထမအဆင့်အင်ဂျင်နှင့် ဒုတိယအဆင့်အင်ဂျင်တို့ကို အသုံးပြုနိုင်သည့်လေယာဉ်ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်ပိုင်းတွင်မူ ပထမအဆင့်အင်ဂျင်ဖြင့် မောင်းနှင်လျှင်တောင်မှ ပဉ္စမမျိုးဆက် တိုက်လေ ယာဉ် တစ်စင်းအတွက် လိုအပ်ချက်များကို ပြည့်မီစေကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

      ပဉ္စမမျိုးဆက်တိုက်လေယာဉ်ဖြစ်သည့် Su-57 သည်ကိုယ်ပျောက်နည်းပညာနှင့် အဆင့်မြင့် အီလက် ထရွန်နစ် နည်းပညာများအသုံးပြုထားသည့် ဘက်စုံသုံးတိုက်လေယာဉ်ဖြစ်သည်။ ထိုတိုက်လေယာဉ်သည် လက်နက်များကို လေ ယာဉ်ဝမ်းဗိုက်အတွင်းထည့်၍ သယ်ဆောင်သွားနိုင်ပြီး အလွန်လေးလံသော ဝန်များကို သယ် ဆောင်ထားစဉ်မှာပင် အသံထက်မြန်သည့် အမြန်နှုန်းဖြင့် ပျံသန်းနိုင်စွမ်းရှိသည်။

      အဆိုပါ တိုက်လေယာဉ်များကို ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ရုရှားလေကြောင်း တပ်ဖွဲ့များအနေဖြင့် ၂၀၂၇ ခုနှစ်အထိ အဆင့်မြင့်တိုက်လေယာဉ် ၇၆ စင်းကို လက်ခံရရှိသွားမည်ဖြစ် သည်။ ယခု လက်ရှိတွင် ရုရှားတပ်မတော်၌ တာဝန်ထမ်းဆောင်နေပြီဖြစ်သည့် Su-57 တိုက်လေယာဉ်ခြောက်စင်းရှိကာ ၂၀၂၄ ခုနှစ်အကုန်၌ နောက်ထပ်တိုက်လေယာဉ် ၂၄ စင်းကို လက်ခံရရှိမည်ဖြစ်သည်ဟု Sputnik သတင်းဌာန တွင် ဖော်ပြထားသည်။

#PAN