လာမယ့်နှစ်ရက်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့မှာ မိုးထစ်ချုန်းရွာသွန်းနိုင်

နိုဝင်ဘာ ၁၅

      မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာန၏ နိုဝင်ဘာလ ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီ-နီကိုးဘားကျွန်းတို့တွင် ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်းရပ် ဝန်း (Well Marked Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့မှ ဆက်လက်တည်ရှိ နေပါသည်။

       အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှာ ပိုမိုအားကောင်းလာနိုင်ကာ နောက် ၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ မုန် တိုင်ငယ်(Depression)အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု သိရပါသည်။

       နောက်လာမယ့် ၂ ရက်အတွင်း နေပြည်တော်၊ စစ် ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်း နိုင်ပြီး ရန်ကုန်၊ မန္တလေးမြို့တို့တွင် နေရာကွက် ကျား မိုးအနည်းငယ်ထစ်ချုန်း ရွာနိုင်ပါသည်။

#PAN