ပုသိမ်မြို့၊ ကန်သာယာဟစ်တိုင် ကွင်းတွင် အကြမ်းဖက် များအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲ ကျင်းပ

နိုဝင်ဘာ ၁၅

ယနေ့နံနက် ၉ က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သာယာဟစ်တိုင်ကွင်းတွင် အကြမ်းဖက်များအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲကို ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

အကြမ်းဖက်များအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေး ထောက်ခံပွဲတွင် ပြည်သူ တစ်ဦးဖြစ်သူ ဦးအောင်မိုးကျော်နှင့် ဦးချိုမြင့်ခိုင်တို့မှ NCA ကို ဆန့်ကျင်ပြီး စစ်ပွဲခေါ်ယူခဲ့သည့် KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် အကြမ်းဖက် PDF တိုအား ဆန့်ကျင် ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံကြောင်း ဟောပြောခဲ့သည်။

၎င်းနောက် တက်ရောက်လာသော ပြည်သူများက “တရားသောစစ် အောင်ရမည် ၊ တပ်နှင့်ပြည်သူအတူတူ သွေးခွဲလာသူ ဒိုရန်သူ၊ အစဉ်အလာကောင်းတဲ့ တပ်မတော် ဒိုတပ်မတော် ၊ တပ်မတော် ဖြိုခွဲမည့်အကြံ ဒိုလက်မခံ၊ တပ်မတော် အင်အား ကို ချိုးနှိမ်မှုမှန်သမျှ ချေမှုန်းကြ၊ တပ်နှင့်ပြည်သူ လက်တွဲတူ ပြည်ထောင်စု ဖြိုခွဲသူမှန်သမျှ ချေမှုန်းကြ၊ တရားဥပဒေစိုးမိုး ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး ဒိုအရေး၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်သည့် တပ်မတော် ဒိုတပ်မတော်၊ KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် အကြမ်းဖက် PDF များအား အလိုမရှိ၊ နယ်မြေတည် ငြိမ်အေးချမ်းရေး – ဒိုအရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသည့် ရှေ့တန်းရောက် တပ်မတော်သားများအား ကျန်းမာပါစေ” စသည်ဖြင့် ကြွေးကြော်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါအကြမ်းဖက်များအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲ အခမ်းအနားသို့ ပြည်သူ ၆၀၀​ကျော်တက်ရောက်ခဲ့ကြပြီး ဇာတိမာန်သီချင်းကို ပြိုင်တူသီဆို၍ အခန်းအနားကိုကြွေးကြော်သံ များဖြင့်အောင်မြင်စွာဖြင့်ရုတ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။

ပြည်သူများက “ဥပဒေနှင့်အညီ ဆောင်ရွက်သော တပ်မတော်အား ကြိုဆိုပါသည်၊ ပြည်သူတို၏ အကျိုးအမှန်ဖော်သည့် တပ်မတော်ကို ထောက်ခံ့ပါသည်၊ အစဉ်အလာကောင်းတဲ့ ဒိုတပ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး ဒိုအရေး” စသည့် ပိုစတာများ ကိုင်ဆောင်၍ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN