ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ ပါဝင်ပြသမည့် မန္တလေး Trade Fair & Investment Forum  ဒီဇင်ဘာလအတွင်း ကျင်းပမည်

နိုဝင်ဘာ ၁၄

      ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ပါဝင်ပြသမည့် Mandalay International Trade Fair & Investment Forum 2023 ပြပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပသွားမှာဖြစ်သည်ဟု မန္တလေး တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI ထံမှ သိရပါသည်။

       အဆိုပါ ပြပွဲကို  မန္တလေးမြို့ရှိ Mandalay Convention Centre တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ပြခန်းပေါင်း ၂၆၀ ကျော် ပါဝင်ပြသမှာဖြစ် ကြောင်း သိရပါသည်။ ပြပွဲတွင် လယ်ယာသုံးစက်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ပစ္စည်းကိရိယာ၊ စားသောက်ကုန်များကို အဓိကပြသမှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး ရင်းနှီးမြှုပ်နှံမှုဖိုရမ်၊ ခရီးသွားဖိုရမ်၊ စွမ်းအင်ကဏ္ဍဖိုရမ်စသည့် ဖိုရမ်သုံးခုကို အဆိုပါ ပြပွဲတွင် ထည့်သွင်း ဟောပြောဆွေးနွေးမည်ဟု သိရပါသည်။

#PAN