ပြည်ကြီးတံခွန်မြို့နယ်၊နံသာရပ်ကွက်ထိပ်နှင့်တောင်သမန်ကန်ပတ်လမ်းတွင် အကြမ်းဖက် PDFများမှ လှုံ့ဆော်စာများ ဖြန့်ဝေ


နိုဝင်ဘာ ၁၄

  ယမန်နေ့ မွန်းလွဲ ၁၂နာရီ ၃၀မိနစ် အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ နံသာရပ်ကွက်ထိပ်၊ တောင်သမန်ကန်ပတ်လမ်း၊ကြက်ရှာစွန်းနှင့် နွားဘေးမဲ့ရုံလမ်း အ‌ရှေ့ဘက်လမ်း တစ်‌လျှောက်တွင် လေးလက်မပတ်လည်ခန့် စာရွက်များကို အကြမ်းဖက် PDF များမှ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။ 
     အဆိုပါစာရွက်များတွင် "ကျုံးကို ဝိုင်းမယ် ဝိုင်းပြီးရင်ကြုံးမယ်၊ ရွှေပြည်စိုးစစ်ဆင်ရေး စပြီဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးလိုက် ပါတယ် "  စာသားများပါရှိပြီး စာရွက် ၃၀၀ ရွက်ခန့်၊ SAF  ကြယ်ဖြူ၊ သေနတ်နှစ်လက်ပါ မန္တလေးခရိုင်၊ အမှတ်(၄)တပ်ရင်းတံဆိပ် ၁ ရွက်နှင့် ကျုံးပုံနှင့် ရွှေပြည်စိုးစာတန်းပါ စတေကာ ၁ ရွက်၊ ကွန်ခြူးပိုက်ဖြင့် အဖြူရောင်ပိတ်စပေါ်တွင် ကျုံးပုံနှင့် ရွှေပြည်စိုးစာတန်းပါ ၁ ပေခွဲပတ်လည် အလံ ၃ ရွက်၊ အနက်ရောင် ၁ ပေခွဲပတ်လည်အလံ ၂ ခု၊ အနီရောင် ၁ ပေခွဲအလံ ၁ ခု၊ A-4 စာရွက်ပေါ်တွင် ပြည်သူများ မထိရ စာသားတို့အား Super Cub ဆိုင်ကယ်အနက်ရောင်တစ်စီးနှင့် စမတ်ကီး လိမ်မော်ရောင်တစ်စီး တို့ဖြင့် အကြမ်းဖက် PDF သုံးဦးမှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းစာရွက်များအားသိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။
#PAN

Telegram link
https://t.me/positiveanglenews