မန်ယူအသင်းသမိုင်းမှာ ပထမဆုံးအမှတ်ပေးပြိုင်ပွဲ ပွဲ ၅၀ မှာ နိုင်ပွဲအများဆုံး ရယူနိုင်ထားတဲ့ နည်းပြ တန်ဟက်

နိုဝင်ဘာ ၁၃

     မန်ယူအသင်းရဲ့ လက်ရှိနည်းပြ  အဲရစ်တန်ဟက် ဟာ ပထမဆုံးကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ပွဲ ၅၀ မှာ နိုင်ပွဲ ၃၀ အထိ ရယူနိုင်ခဲ့တာကြောင့် မန်ယူအသင်းရဲ့သမိုင်းမှာ ပထမဆုံးအမှတ်ပေးပြိုင်ပွဲ ပွဲ ၅၀ မှာ နိုင်ပွဲအများဆုံး ရယူနိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

      တန်ဟက် ဟာ မန်ယူအသင်းကို ၂၀၂၂ ခုနှစ် နွေရာသီမှာ စတင်တာဝန်ယူခဲ့ပြီး လက်ရှိအချိန်တွင် ပြိုင်ပွဲစုံပွဲ ၈၀ ကိုင်တွယ်ရာမှာ နိုင်ပွဲ ၅၀ ရရှိထားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲပေါင်း ၅၀ ပါဝင်ကာ နိုင်ပွဲ ၃၀၊ သရေပွဲ ၆ ပွဲနဲ့ ရှုံးပွဲ ၁၄ ပွဲ သာရှိခဲ့ပါတယ်။ ဒါကြောင့် တန်ဟက် ဟာ ယခုတစ်ပတ်ယှဉ်ပြိုင်ကစားတဲ့ လူတန်တောင်းနှင့်ပွဲစဉ်မှာ မန်ယူနည်းပြဘ၀ ပရီးမီးယားလိဂ်ပွဲ ၅၀ နှင့် နိုင်ပွဲ ၃၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

       တန်ဟက်ဂ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးပွဲ ၅၀ မှာ နိုင်ပွဲ ၃၀ နှင့်အထက် ရယူ နိုင်ခဲ့တဲ့ ၉ ဦး မြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

#PAN