ဗိုလ်တထောင်မြို့နယ်၌ လေးထပ်တိုက်အဆောက်အအုံ မီးလောင်မှုဖြစ်ပွား

နိုဝင်ဘာ ၁၃

     ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်( ၆ )ရပ်ကွက် သိမ်ဖြူလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ လေးထပ်တိုက်အဆောက်အအုံတွင် ယနေ့နံနက် ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

      ဖြစ်စဉ်မှာ မြေညီထပ်လှေကားခွင်အတွင်း တပ်ဆင်ထားသော လျှပ်စစ်မီတာများအနက်မှ ဦးမျိုးမြင့်ပိုင်ဆိုင်သော လျှပ်စစ်မီတာအထွက်မှ ဝန်အားသုံးစွဲမှုကြောင့် မီးပွားများကျ၍ အနီးရှိတာ ယာအဟောင်းနှင့် ပစ္စည်းအဟောင်းများအပေါ်တွင်ကျပြီး မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်သည်။

      တာမွေမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးညီညီ ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ၁၃ စီး၊ ရေသယ်ယာဉ် ရှစ်စီး၊ အထောက်အကူပြုယာဉ် သုံးစီး၊ ကွပ်ကဲမှုယာဉ် သုံးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀၀ နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၄ ဦး စုစုပေါင်း ၁၄၄ ဦးတို့ဖြင့် မီးငြှိမ်းသတ်ရာ နံနက် ၇ နာရီတွင် မီးထိန်းနိုင်ခဲ့သည်။

     မီးလောင်ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၆,၃၀၀,၀၀၀ ဖြစ်ပြီး အမျိုးသားရှစ်ဦးနှင့် အမျိုးသမီး ၁၀ ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့သည်။


     အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တိုက်ခန်းပိုင်ရှင် ဦးမျိုးမြင့်အား ဗိုလ်တထောင်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။

#PAN