နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမည်ဟုဆိုသူများအား သတိပြုကြရန် မလေးရှားနိုင်ငံ မြန်မာသံရုံးသတိပေးထား

န်ိုဝင်ဘာ ၁၂

မလေးရှားတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်(Passport) ထုတ်ပေးမည်ဟု လူမှုကွန်ယက်စာမျက်နှာများမှ ပြောဆိုနေကြသူများအားသတိပြုကြရန်နှင့် ၎င်းတို့မှာ လိမ်လည်အမြတ်ထုတ်နေကြသူများဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာသံရုံးအနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပေးကြေညာချက်များကို မြန်မာနိုင်ငံသားများအချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် မြန်မာသံရုံး၏ Facebook စာမျက်နှာဖြစ်သည့် Myanmar Embassy in Kuala Lumpur, Malaysia နှင့် Website စာမျက်နှာ ဖြစ်သည့် https://myanmarembassykl.org များတွင် ဖော်ပြပေးနေကြောင်း သိရသည်

မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့တင်ထားသည့် QR Code ရက်ချိန်းများကို www.mekl.org ရှိ “ရက်ချိန်းအခြေအနေစုံစမ်းရန်” နေရာတွင် ဝင်ရောက်စစ်ဆေးကြပါရန်နှင့် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူများအနက်မှ “ခွင့်ပြုချက်ကျသူများစာရင်း”ကြေညာချက်များကိုလည်း မြန်မာသံရုံး၏ Website တွင် အမြဲမပြတ် ကြည့်ရှု့စစ်ဆေးကြပါရန်လည်း အသိပေးနှိုးဆော်ထားသည်။

မြန်မာနိုင်ငံသားများကို လိမ်လည်အမြတ်ထုတ်လိုသူများသည် လူမှုကွန်ယက်စာမျက်နှာ (Facebook)နှင့် TikTok များတွင် မြန်မာသံရုံး၏ အမည်ကို အသုံးပြု၍ နိုင်ငံကူးလက်မှတ်ကိစ္စရပ်များ ဆောင်ရွက်ပေးသည်ဟုဆိုကာ မမှန်ကန်သည့် ရေးသား/ပြောကြားချက်များ ဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး အဆိုပါ လူမှုကွန်ယက် စာမျက်နှာများသည် ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးနှင့် လုံးဝ
(လုံးဝ) သက်ဆိုင်ခြင်း မရှိပါကြောင်းနှင့် ၎င်းတို့နှင့်ပတ်သက်သည့် ကိစ္စအဝဝအား မြန်မာသံရုံးမှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်းကိုလည်း ပြောဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံသားများအားလိမ်လည်လှည့်ဖျားနေသည့် ပုဂ္ဂိုလ်များ၊ Facebook/ TikTok အကောင့်ပိုင်ရှင်များကို ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက မြန်မာသံရုံး၏ whatsApp no. +60 11 2510 5774 သို့ စာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မလေးရှားနိုင်ငံမြန်မာသံရုံးက အသိပေးထားသည်။

#PAN

Telegram link

https://t.me/positiveanglenews