တရားမဝင်လူသုံးကုန်ပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

နိုဝင်ဘာ ၁၂

     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ် ဆေးမှုများဆောင်ရွက်ရာ နိုဝင်ဘာ ၇ ရက်တွင် ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Smart အမွှေးဆီ ကီလိုဂရမ် ၂၁၉၀ အပါ အဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၇၇,၆၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Condor တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ နိုဝင်ဘာ ၈ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သထုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Recond TV 32″ ၂၄ လုံး၊ Spa ဆိုဖာထိုင်ခုံအဟောင်း ၃၂ လုံး အပါ အဝင် ကုန်ပစ္စည်းသုံးမျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၁၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၉,၁၇၇,၆၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် နိုဝင်ဘာ ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးလမ်းဟောင်း မြစ်ငယ်တံတားအနီး၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်း ကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ဆိုင်ကယ်ထိုင်ခုံအစွပ် ကီလိုဂရမ် ၁၀၂၀ အပါအဝင် ကုန် ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၉၀၀၀၀)
နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် MAN Tractor Headတစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့် မှန်းတန်ဖိုးငွေကျပ် ၆၆,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၇,၀၉၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်မြို့ နောက်လယ်ရပ်ကွက်ရှိ ဂိုဒေါင်၌ တရားဝင် စာ ရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်နှစ်ကောင် စားအုန်းဆီ ငါးလီတာပါ ဘူး ၁၂၀၊ Lactasoy ပဲနို့ဘူး ၆၀၀၀၊ Window နို့ခရင်မ်ဘီစကွတ်ကီလိုဂရမ် ၃၆၀ အပါအဝင် ကုန် ပစ္စည်းနှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆,၃၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ကမော့ကစင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေ ညာထားသည်ထက် ပိုမိုပါရှိလာသည့် Oriental Style ခေါက်ဆွဲခြောက် ၆၃၀ ကီလိုဂရမ်အပါအဝင် ကုန် ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၁၂၈,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၁၂၈,၀၀၀ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ နိုဝင်ဘာ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့ စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသော ယာဉ်အပိုပစ္စည်းများဖြစ်သည့် Tube Valves အဆို့ ရှင် ကီလိုဂရမ် ၅၃၁၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈,၁၁၅,၈၀၀) ကိုလည်း ကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ကျိုက်ထိုမြို့မှ သိမ်ဇရပ်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးနှင့် သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသောယာဉ်တစ်စီးတို့ပေါ်မှတရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Prawn Hornet စားအုန်းဆီ ၁၈ လီတာပါ ၁၂၂ ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၁၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Toyoace တစ်စီးနှင့် Toyota Hilux တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉,၂၁၅,၈၀၀ ကို သိမ်းဆည်းရမိခဲ့ပြီးအကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ နိုဝင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု (ခန့် မှန်းတန်ဖိုးငွေကျပ် ၃၁၃,၉၁၁,၄၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN