ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) စိုးထွဋ်အား စစ် တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ပြစ်ဒဏ်ချမှတ်

နိုဝင်ဘာ ၁၀

     ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) စိုးထွဋ် ကို ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

       ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) စိုးထွဋ်သည် ပြည် ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်း ဆောင်ခဲ့စဉ် Green Channel စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ် ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူ အညီတောင်းခံခဲ့မှုအပေါ် ၎င်း၏ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်ဩဇာအသုံးပြု၍ နိုင်ငံကူးလက်မှတ်များ ခွင့်ပြုပေးရန်ညွှန်ကြားခဲ့ခြင်း၊ တံစိုးလက်ဆောင်လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန်ပျက်ကွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ် တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့ကြောင်း သိရပါသည်။

      ထို့အပြင် အမှုတွင်ပါဝင် ပတ်သက်ခဲ့သူများကို နယ်ဘက်တရားရုံးတွင်လည်းကောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ရဲစည်းကမ်းဖြင့်လည်း ကောင်း ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်​ပြန်ထားပါသည်။

#PAN