ကော့ကရိတ်မြို့အရှေ့ဘက် ၀င်းကြီး အထခွဲ ကျောင်းသို့ အကြမ်းဖက်သောင်းကျန်းသူများ ၀င်ရောက်လာပြီး အရပ်သားပြည်သူ တစ်ဦးကို ဖမ်း ဆီးခေါ်ဆောင်သွား

နိုဝင်ဘာ ၉

      ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အရှေ့ဘက် အမှတ်(၂)ရပ်ကွက်၊ ၀င်းကြီးအထခွဲ ကျောင်းသို့ ယနေ့ပိုင်းက အကြမ်းဖက်သောင်းကျန်းသူများ ၀င်ရောက် လာပြီး အရပ်သားပြည်သူ တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရပါသည်။

      ဖြစ်စဥ်မှာ အကြမ်းဖက်သောင်းကျန်းသူများ သည် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ၀င်းကြီး အထက ခွဲ ကျောင်းရှေ့သို့ ရောက်ရှိလာရာ ဆရာဆရာမများက လှမ်းကြည့်ရာ ၀တ်စုံမှာ စစ်တပ်ဝတ်စုံ မဟုတ်ဘဲ အကြမ်းဖက်သောင်းကျန်းသူများဖြစ်နေသဖြင့် ကျောင်းနောက်မှ ထွက်ပြေးသွားခဲ့ကြပါသည်။အကြမ်းဖက်သောင်းကျန်းသူများသည် ကျောင်းစောင့်ဟုယူဆရသူ ဦးနေ၀င်း ဆိုသူအား ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်သည်။

        ညနေ ၄ နာရီအချိန်အချိန်ခန့်တွင် အကြမ်း ဖက်သောင်းကျန်းသူများ ဖမ်းဆီးသွားသော ဦးနေ၀င်း၏ ဇနီးသည် အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး နေအိမ် သို့ သွားရောက်ခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူးမှာ ခေတ္တတခြားမြို့တွင်ရှောင်နေသဖြင့် မတွေ့ခဲ့ရကြောင်း၊ အုပ်ချုပ်ရေးမှူးလက် မှတ်ပါမှ ဦးနေဝင်းကို အကြမ်း ဖက်သောင်းကျန်း သူများက လွှတ်ပေးမည်ဟု ပြောကြောင်းပြောပြပြီး ၎င်းမိသားစု ထံမှ အုပ်ချုပ်ရေးမှူး၏ ဖုံနံပါတ်တောင်းယူသွားကြောင်း၊ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အဆိုပါ အုပ်ချုပ်ရေးမှူးထံသို့ ဖုံးနံပါတ်အစိမ်း ၁ လုံးဖြင့်ဖုံးဆက်သွယ်လာရာ အုပ် ချုပ်ရေးမှူးက မသင်္ကာသဖြင့် ဖုန်းမကိုင်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးမှ ပြောပြလာသည်။

      ” ကျောင်းကိုလာတယ် ၊ ကျောင်းရှေ့ ခြံတံခခါးကိုဖွင်းဖို့ အသံပေးတော့ဆရာမတွေက ချောင်းကြည့်တာ  စစ်တပ်၀တ်စုံမဟုတ်ဘူး၊ စစ်သားမဟုတ်ဘူးဆိုပြီး နောက်ပေါက်ကနေထွက်ပြေးကြတယ်၊ ကျောင်းစောင့်က နေမျိုးဆိုသူ လည်းထွက်ပြေးတယ် ” ဟု အဆိုပါကျောင်းမှ အမည်မဖော်လိုသူ  ဆရာမ တစ်ဦးက PAN သို့ ပြောပြလာသည်။

      အဆိုပါ ဖမ်းဆီးခံရသူ ဦးနေ၀င်းမှာ ကျောင်းစောင့် မဟုတ်ဘဲ မြို့တော်ဦးထိပ်တွင်နေထိုင်ပြီး မှိုစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သူ သာမန်ပြည်သူတစ်ဦးသာ ဖြစ်ကြောင်း၊ ၎င်းတွင် မိသား စုဝင် ၃ ဦးရှိကြောင်း ၎င်းနှင့် ရင်းနှီးသူ မြို့ခံပြည်သူတစ်ဦး က ပြောပြချက်အရ သိရပါသည်။

      နောက်ထပ် ဒေသခံပြည်သူတစ်ဦးက ”အကြမ်း ဖက် သကသ တွေက ဦးနေ၀င်း ကို ဖမ်းချင်တာမဟုတ်နိုင်ဘူး ၊ ကျောင်း က ဆရာ၊ဆရာမတွေ ဒါမှမဟုတ် အုပ်ချုပ်ရေးမှူး ကို ဖမ်းချင်တာ ဖြစ်မယ်၊ ဖမ်းမရတော့ တွေ့တဲလူကို ဓားစာခံအနေနဲ့ ဖမ်းသွားတဲ့ သဘောဖြစ်နိုင်တယ် ” ဟု ပြောပြလာသည်။

     ဖမ်းဆီးခံရသောဦးနေ၀င်းသည် လက်ရှိအချိန် အကြမ်းဖက်သောင်းကျန်းသူ ကျော်သက် ထံတွင်ရောက်ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုနေမှုအရ သိရှိရပါသည်။

#PAN