အမရပူရမြို့နယ်၊ရွှေကြက်ယက်ကျေးရွာတွင် KIA/KIO အလိုမရှိကြေင်း စာသားများပါ ဆိုင်ပုတ်များကိုင်ဆောင်၍ တပ်မတော်ကို ထောက်ခံကြောင်း ထောက်ခံပွဲကျင်းပ ပြုလုပ်ခဲ့

နိုဝင်ဘာ ၈
ယနေ့ နေ့လည် ၂ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ‌ရွှေကြက်ယက် ကျေးရွာ၊ ရတနာပုံတံတားအတတ်လမ်း ညာဘက်ချမ်တွင် အမျိုးသားရေးဦးဆောင်သူများက ဦးဆောင်၍ အင်အား (၈၀)ဦး ခန့်သည် KIA/KIO အလိုမရှိကြေင်း ပြတ်ပြတ်သားသား ဆန်ကျင်ကြစာသားများပါသည့် ဆိုင်ပုတ် များအား ကိုင်ဆောင်၍ တပ်မတော်ကို ထောက်ခံသည့် ထောက်ခံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

စစ်ကိုင်းဒေသကြီးအား ပျက်စီးစေသောဘုံရန်သူ KIA/KIO အလိုမရှိ အလိုမရှိ၊ ဗမာနှင့် တိုင်းရင်းသားများအား သွေးခွဲသော KIA/KIO အလိုမရှိ အလိုမရှိ၊ KIA/KIO အလိုမရှိ အလိုမရှိ မုချကျဆုံးရမည်၊ စစ်ကိုင်းဒေသကြီးနှင့် ရှမ်းမြောက်ဒေသအား ပျက်စီးစေသော KIA/KIo အလိုမရှိ အလိုမရှိ၊ ကျောင်းသားလူငယ်များအား လမ်းမှားရောက် အောင် ပိုဆောင်နေသော KIA/KIO အလိုမရှိ အလိုမရှိ၊သင်္ကန်း အရေခြုံ အကြမ်းဖက်သမားများအား လိုမရှိ အလိုမရှိ၊ ဘာသာရေးအသုံးချ အကြမ်းဖက်သမားများအား ပြတ်ပြတ်သားသား ဆန်ကျင်ကြ စသည့်စာသားများ ပါရှိသော ဆိုင်ပုတ် (၃၀)ခုခန့်အား ကိုင်ဆောင်၍ တပ်မတော်ထောက်ခံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရှိရပါသည်။

#PAN