အမေရိကန်က အီရန်ကို အင်အားပြရန် နျူကလီး ယား ရေငုပ်သင်္ဘောတစ်စင်း စေလွှတ်

နိုဝင်ဘာ ၈

      အမေရိကန်ရေတပ်က နျူကလီးယားစွမ်း အင်သုံး ရေငုပ်သင်္ဘောတစ်စင်း အလယ်ပိုင်းစစ်ဌာနချုပ်သို့ စေလွှတ် ထားရာ ရောက်ရှိသွားပြီ ဖြစ်ကြောင်း နိုဝင် ဘာလ ၆ ရက်တွင် ကြေညာထားသည်။ အမေရိကန်ဘက်က ယခုကဲ့သို့ နျူ ကလီးယားရေငုပ် သင်္ဘောတစ်စင်းကို စေလွှတ်ခြင်းသည် အီရန် ကို အင်အားပြရန် ရည်ရွယ်ချက်ဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။ ယခုစေလွှတ်လိုက်သည့် နျူကလီး ယား စွမ်းအင်သုံး ရေငုပ်သင်္ဘောမှာ အိုဟိုင်းယိုး အတန်းအစား ရေငုပ်သင်္ဘော USS Florida ဖြစ်ပြီး တိုမာဟော့ အနိမ့်ပျံဒုံးကျည် ၁၅၄ စင်းနှင့် လျှို့ဝှက် စစ်ဆင်ရေးများအတွက် ရေငုပ်အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၆၆ ဦးပါဝင်သည်။

       အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ်က ထုတ်ပြန်သော သတင်းနှင့် ဓာတ်ပုံများအရ အဆိုပါ ရေငုပ် သင်္ဘောသည် စူးအက်တူးမြောင်းကို ဖြတ်သန်းဖောက်လုပ်ထားသည့် အယ်ဆာလမ်းတံတားဆီသို့ ဦးတည်နေ ကြောင်း တွေ့ရသည်။ အမေရိကန်အနေ ဖြင့် ချစ်ကြည်ရေးခရီးမှလွဲ၍ ထိုကဲ့သို့ နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောများ ဖြန့်ကြက်သည့် သတင်းကိုထုတ်ပြန်မှုသည် ရှားရှားပါးပါး ဖြစ်စဉ်ဖြစ်သည်။ အမေရိကန်ရေတပ်မှ လေယာဉ်တင် သင်္ဘောနှစ်စင်း ဦး ဆောင်သော တိုက်ခိုက်ရေးအုပ်နှစ်အုပ်သည် မြေထဲပင်လယ်အရှေ့ပိုင်း၌ ဖြန့်ကြက်နေရာယူထားစဉ် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းက အရှေ့အလယ်ပိုင်းဒေသသို့ ထပ်မံ ရောက်ရှိလာခြင်းဖြစ်သည်။

       ဟားမတ်စ်တို့က အစ္စရေးတို့ကို ရုတ်ခြည်းတိုက် ခိုက်ပြီးနောက် အစ္စရေးဘက်က လက်တုံ့ ပြန်သည့်အနေ ဖြင့် ဂါဇာကမ်းမြောင်ဒေသကို ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်မှုများ လုပ်ဆောင်နေစဉ် အမေရိကန်ဘက်က အစ္စရေး ကို ထောက်ခံအားပေးသည့် အနေဖြင့် စစ်ရေးအင်အားစုများကို ဖြန့်ကြက်ချထားလာခြင်း ဖြစ် သည်။ ဟားမတ်စ် တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုကို လက်ခံနိုင်သော် လည်း ယခုအခါ အစ္စရေး တို့၏ လေကြောင်းတိုက် ခိုက်မှုကြောင့် အရပ်သားများ သေဆုံးမှုမှာ အယောက် ၁၀,၀၀၀ ကျော်လာပြီဖြစ်သည့် အတွက် ယခုအခြေ အနေက ညီမျှမှုမရှိကြောင်း နိုင်ငံတကာ အသိုင်း အဝိုင်းက ပြောလာသည်။

      တစ်ချိန်တည်းမှာပင် ဟစ်ဇဘိုလာနှင့် အီရန်တို့အပါအဝင် ဒေသတွင်းရှိ စစ်အင်အားစုများပါ ထိုပဋိပက္ခ တွင် ပါဝင်လာနိုင်သည်ကို လေ့လာသူများက သတိပေးထားသည်။ အမေရိကန် ခေါင်း ဆောင်ပိုင်းကမူ အစ္စရေး တို့၏ ဂါဇာစစ်ဆင်ရေးအတွင်း စစ် လက်နက်ပစ္စည်းများ ထောက်ပံ့ပေးမှု အပါအဝင် အစ္စရေးဘက်က ခိုင်ခိုင် မာမာ ရပ် တည်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

#PAN