ဂါဇာဒေသ၌ တိုက်ခိုက်မှုများရပ်စဲရေး အီရန်သမ္မတနှင့်အိန္ဒိယဝန်ကြီးချုပ်တို့တောင်းဆို

နိုဝင်ဘာ ၈

      ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏တိုက် ခိုက်မှုများကို အဆုံးသတ်ရေးအတွက် အီရန်သမ္မတ အီဘရာဟင်ရိုင်စီနှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့က နိုဝင်ဘာ ၆ ရက်တွင်တောင်းဆိုခဲ့သည်။

      ဂါဇာဒေသတွင် အရပ်သားများအား သတ် ဖြတ်နေခြင်းကို ရပ်တန့်ရန်၊ အပစ်အခတ်ရပ်စဲရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ဝင်ရောက်ခွင့်ပြုရန် ရိုင်စီက ပန်ကြားခဲ့သည်။

      အမေရိကန်က အစ္စရေးအား ပဋိပက္ခ ဖြစ်စေရန်လက်နက်နှင့် ငွေကြေးအထောက်အပံ့ပေးနေပြီး ၎င်းဆောင်ရွက်ချက်သည် ကုလသမဂ္ဂ လုံခြုံရေးကောင် စီ၏ ပဋိပက္ခပြီးဆုံးရေးဆောင်ရွက်ချက်ကို ဆန့်ကျင်နေကြောင်း ရိုင်စီက ထပ် လောင်း ပြောကြားသည်။ ဂါဇာဒေသတွင်အရပ် သားများအား သတ်ဖြတ်နေခြင်းကို ရပ်တန့်ရန်နှင့် သံတမန် နည်းလမ်းအရ ဖြေရှင်းရေးအတွက် အိန္ဒိယဝန်ကြီးချုပ်မိုဒီကပန်ကြားခဲ့သည်။

     အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် ဂါဇာတွင်
ပါလက်စတိုင်း နိုင်ငံသား ၁၀၀၀၀ ကျော်နှင့် အစ္စရေးနိုင်ငံသား ၁၄၀၀ ကျော်သေဆုံးခဲ့သည်။
Source; Xinhua

#PAN