DKBA ခေါင်းဆောင် စောဆန်းအောင်အား အကြမ်းဖက် NUG/ KNU/ PDF များက လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်း

နိုဝင်ဘာ ၇

       နိုင်ငံတော်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး NCA လက်မှတ်ထိုးထားသည့် DKBA အဖွဲ့ကခေါင်းဆောင်တစ်ဦးဖြစ်သူ စောဆန်းအောင် ကို လုပ်ကြံသတ်ဖြတ်ရန် အကြမ်းဖက်သောင်းကျန်း သူ KNU ရင်း၁၈ နှင့် PDF များက နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ကြိုး ပမ်းခဲ့ကြကြောင်း သိရပါသည်။

       DKBA ခေါင်းဆောင် စောဆန်းအောင် သည်
စောဘငြိမ်းနှင့်အတူ မြဝတီမှ ဘားအံပြည်နယ်ပွဲသို့ သွားရောက်ပြီးအပြန်ခရီး ဂျိုင်းတံတားအလွန်တွင် အင်အား၂၀၀ ခန့်လိုက်ပါလာသည့် ကားများစွာအနက် စောဆန်းအောင်၏ ကားအားတိတိ ကျကျသိရှိကာ စနိုက်ဘာဖြင့် လုပ်ကြံပစ်ခတ်ခဲ့ရာ သို့သော် ကျည်မှာ ထိမှန်ခြင်းမရှိကြောင်း သိရပါသည်။

     ထိုသို့လုပ်ကြံပစ်ခတ်သည်မှာ အကြမ်းဖက်သောင်းကျန်းသူ KNU ရင်း၁၈ နှင့် PDF များဖြစ်ပြီး စောဆန်းအောင်သည် နစက၏ သူလျှိုအကြီးစားဖြစ်သဖြင့် စစ်မဟာဗျူဟာသတင်းများပေါက်ကြားနေ သည်ဟု ဆိုကာ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည်ဟု NUG ဘက်က အမည်မဖော်လိုသူတစ်ဦးက ပြောဆိုနေသည်။

        DKBA ခေါင်းဆောင် စောဆန်းအောင်သည် ၄င်းအားလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုကြောင့် KNU နှင့် PDF များကို ပြန်လည် လက်စားချေတုန့်ပြန် တိုက်ခိုက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

#PAN