(UWSA) ဝ အဖွဲ့၊ စစ်ဒေသ ၁၇၁၊ နားယောင်း ၂၁ ကြိမ်မြောက် ဖမ်းမိမူးယစ်ဆေးဝါးလွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားကျင်းပ

နိုဝင်ဘာ ၇

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆက်ခရိုင်၊ မိုင်းတွမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နိုဝင် ဘာလ ၅ ရက်နေ့က UWSA ဝ အဖွဲ့၊ စစ်ဒေသ ၁၇၁(နားယောင်း)က ၂၁ ကြိမ်မြောက် ဖမ်းမိမူးယစ်ဆေးဝါးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကိုကျင်းပခဲ့ကြောင်း သိရပါသည်။

      အဆိုပါ အခမ်းအနားတွင် (UWSA) ဝ အဖွဲ့၊ စစ်ဒေသ ၁၇၁ ပြင်ပဆက်ဆံရေးဌာနမှူး ဆမ်ပိန်း မှ မူးယစ်အထူးတပ်ဖွဲ့(မိုင်းဆတ်) တပ်ဖွဲ့စုမှူး ရဲမှူး ကျော်သူ  ထံသို့ မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများဖြစ်သော Y1 တံဆိပ်စိတ်ကြွရူးသွပ်ဆေးပြားထည့်ထားသည့် ဆာလာအိတ် ၁၂၄ အိတ်ခွဲ( ၁ အိတ်လျင် ဆေး ပြား ၂ သိန်း၊ စုစုပေါင်းမြန်မာငွေကျပ် ၂၄၉ သိန်း)၊ ပန်းသီးတံဆိပ် စိတ်ကြွရူးသွပ်ဆေးပြားထည့်ထားသည့် ဆာလာအိတ် ၉ အိတ်ခွဲ( ၁ အိတ်လျင် ဆေးပြား ၂ သိန်း၊ စုစုပေါင်းမြန်မာကျပ်ငွေ ၁၉ သိန်း)၊ ရေခဲ (ICE) ၂၄ ကီလိုဂရမ်( ၁ ကီလိုဂရမ်ပါ ၂၄ ထုပ်) ကာလ တန်ဖိုး ၁ ကီလိုဂရမ်လျင် (၈၀ သိန်း) ကျပ်နှုန်းဖြင့် (၁,၉၂၀ သိန်း)ကျပ်၊ VANILLA POWDER (၁)ကီလို ဂရမ်၊ ကာလတန်ဖိုး ၅,၀၀၀ ကျပ်နှုန်းဖြင့် ၅,၀၀၀ ကျပ်၊ ဆေးပြားထည့်ရာ တွင် အသုံးပြုသည့် ပလပ်စတစ်ကပ်ခွာအိတ် (အခွံ) ထည့်ထားသည့် ဆာလာအိတ် ၄၂ အိတ်၊ ကဖင်းမှုန့်ထည့်ထားသည့်ဆာလာအိတ် ၅၁ အိတ် ( ၁ အိတ်လျင် ၂၅ ကီလို ဂရမ်ခန့်၊ ၁၂၇၅ ကီလို ဂရမ်)ကာလတန်ဖိုး ၁ ကီလိုဂရမ်လျင် ၈၀,၀၀၀ ကျပ် နှုန်းဖြင့် ကျပ်သိန်းပေါင်း ၁,၀၂၀  ကယ်လ်စီယမ်ကာဗွန်နိတ် ၂၅ ကီလိုဂရမ်ပါ ၂ အိတ် ၅၀ ကီလိုဂရမ်၊ ကာလတန်ဖိုး ၁ ကီလိုဂရမ်လျင် ၃၀၀ ကျပ်နှုန်းဖြင့် ၁၅,၀၀၀ ကျပ်၊ ပိုတက်စီယမ် ၂၀ ကီလိုဂရမ်ပါ ၆ အိတ် ၁၂၀ ကီလိုဂရမ်၊ ကာလ တန်ဖိုး ၁ ကီလိုဂရမ်လျင် ၃၀၀ ကျပ်နှုန်းဖြင့် ၃၆,၀၀၀ ကျပ်၊ အရိုးမီးသွေး ၁ အိတ်(၂၀ ကီလိုဂရမ်) ကာလတန်ဖိုး ၁ ကီလိုဂရမ်လျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် ၂ သိန်းကျပ်၊ အမိုနီယမ်ကလိုရိုက်ထည့်ထားသည့်ဆာလာအိတ် ၅ အိတ်၊ ၁၂၅ ကီလိုဂရမ်၊ ကာလတန်ဖိုး ၁ ကီလိုဂရမ်လျင် ၅,၀၀၀ ကျပ်နှုန်းဖြင့် ၆၂၅,၀၀၀ ကျပ်၊ Promethazin (ချောင်း ဆိုးပျောက်ဆေး) ၂၀၀ ဗူး၊ ကာလတန်ဖိုး ၁ ဗူးလျင် ၃,၀၀၀ ကျပ်နှုန်းဖြင့် ၆ သိန်းကျပ်၊ ၉၉၉ နံပါတ်ပါတံဆိပ်တုံး ၂ ခု၊ Y-1 အက္ခရာပါတံဆိပ်တုံး ၁ ခု၊ မျောက်တံဆိပ်အနံ့ခံဆေးရည် ၂၁ ပုလင်း၊ ၂၁ လီတာ၊ ကာလ တန်ဖိုး ၁ လီတာလျှင် ၅,၀၀၀ ကျပ်နှုန်းဖြင့် ၁၀၅,၀၀၀ ကျပ်၊ Food Colour(ဗူးသေး) ၁ ဗူး ၄၅၀ ဂရမ်၊ ကာလတန်ဖိုး ၁ ဗူးလျင် ၂၂၅၀ ကျပ်၊ ဆေးပြားရိုက်သံမို ၁၀၅ ချောင်း၊ ဆေးပြားရိုက်မှိုအထိုင် ၄၃ ခု၊ ဆေးပြားထည့်ရေသည့်ပုံစံခွက် ၁၄ ခု Inkpack (၄)ခု၊ စုစုပေါင်း ကာလ တန်ဖိုးငွေ ၁၃၆၉၅၅.၈၈၂၅ သိန်းကျပ်ခန့်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး အမှုဖွင့်အရေးယူဆောင် ရွက်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

    ယခု မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က မိုင်းတွမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် (UWSA) ဝ တပ်ဖွဲ့ဝင် ၃ ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း (UWSA) ဝ တပ်ဖွဲ့ အကြီးအကဲများအနေဖြင့် ၄င်းတို့၏ လက်အောက်ငယ်သားများ မူးယစ်ဆေး ဝါး ရောင်း/ဝယ်မှုတွင် ပါဝင်ပတ်သက်မှုအား လက်သင့်ခံနိုင်ခြင်း မရှိသည့်အပြင် ၄င်းတို့၏ သတ်မှတ် နယ်မြေအတွင်း မူးယစ်ဆေးဝါး ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းမရှိစေရန် သက်ဆိုင်ရာ အစိုးရတပ်ဖွဲ့ဝင်များဖြင့် မြေပြင်သတင်းထောက်လှမ်းအတည်ပြု၍ အောက်တို ဘာလ ၂၂ ရက်နေ့တွင် (UWSA) ဝ အဖွဲ့၊ မိုင်းကန်းမြို့နယ်၊ မိုင်းထလန်းအုပ်စုအတွင်းရှိ တရား ခံ အိုက်ကျင်း နေအိမ်အား ဝင်ရောက်ရှာဖွေရာ တရားခံ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖမ်း ဆီးရမိမူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်းကာလတန်ဖိုး ၁၃၆၉၅၅.၈၈၂၅ သိန်းကျပ်ခန့်တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

     ထိုကြောင့် အဆိုပါပစ္စည်းများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ နောင်တွင်လည်း သက်ဆိုင်ရာ အစိုးရတပ်ဖွဲ့များနှင့် ညှိနှိုင်းပူး ပေါင်းဖမ်းဆီးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိပါ သည်။

#PAN