တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

နိုဝင်ဘာ ၇

        တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန် သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန် သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မုံရွာမြို့ အေးသာယာရပ်ကွက်၌ သုံးဘီး ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် ဒီဇယ်ဆီ(ချက်ဆီ) ပီပါ ၁၅ လုံး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂,၈၈၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံ နှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အပြင် နိုဝင်ဘာ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် ထက်ဝေယံကားဂိတ်၌ ရပ်တန့်ထားသော ယာဉ်တစ်စီးပေါ်မှတရားဝင် စာရွက်စာတမ်းအထောက်အထား တင် ပြနိုင်ခြင်းမရှိသည့် Brush Cutter မြက်ဖြတ်စက် ၂၃၂လုံး အပါ အဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၃၆၀,၀၀၀)နှင့်အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Canter တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ်
၃၀,၃၆၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အပြင် နိုဝင်ဘာ ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမှမန္တလေးသို့ သွား ရောက်မည့်ယာဉ်တစ်စီးနှင့် မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် ယာဉ်တစ်စီးတို့ ပေါ်မှတရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Solex Door Lock အခု ၁၂၀၀၊ APP Toilet Commode အိမ်သာကြွေခွက် ၈၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၄၀၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Diamond Truck တစ်စီး Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ်
၅၀,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ် နည်းများအရ လည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၁၄ ဒသမ ၇၆၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၅၂,၇၆၈) ကိုသစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၄၅၂,၇၆၈)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

       ထို့အပြင် နိုဝင်ဘာ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူး ပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့ရိတ်(တံတား ကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် သွားတိုက်တံအချောင်း ၃၆၀၀၊ Accord လျှပ်စစ်ပန်ကာ ၁၅ လုံး၊ DRC ဆိုင်ကယ်တာယာ အလုံး ၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၁၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။

        သို့ဖြစ်ပါ၍ နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁,၇၉၂,၇၆၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN