ကရင်အမျိုးသားအစည်းအရုံး ၏ ဗဟိုဌာနချုပ်က ဗဟိုအလုပ်အမှုဆောင်ကော်မတီ တတိယအစည်းအဝေးအပြီးသတင်းထုတ်ပြန်ချက်နှင် အသိပေးကြေညာချက်များ ထုတ်ပြန်

နိုဝင်ဘာ ၆

      ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ၏ ဗဟိုဌာနချုပ်က ဗဟိုအလုပ်အမှုဆောင်ကော် မတီ တတိယအစည်းအဝေး ကို ယမန်နေ့က ကျင်းပပြီးစီး ပြီးနောက် သတင်းထုတ်ပြန်ချက် (၅/၂၀၂၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

        သတင်းထုတ်ပြန်ချက်တွင် ဗဟိုအလုပ်အမှု ဆောင်ကော်မတီ တတိယအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ (၃-၅)ရက် နေ့များတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း၊၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် First 100 Days: KNU IN NEW ERA သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည့် ကော်သူးလေဖက်ဒရယ်ယူနစ် ရည်မှန်းချက်များအား အကောင်အထည်ဖော်ဆောင်ရေးနှင့်ပတ်သက်သည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး နှင့်အဖွဲ့အစည်းတွင်း ပြုပြင် ပြောင်းလဲမှု လုပ်ငန်းများ၊ မူဝါဒများအား သက် ဆိုင်ရာကော်မတီနှင့် ဌာနအသီးသီးက စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း၊ (၁၉/၇/၂ဝ၂၂) ရက်တွင် စောနယ်ဒါးမြ မှ လက်မှတ်ရေးထိုးထုတ်ပြန်ဖွဲ့ စည်းသည့် KAWTHOOLEI ARMY
(ကီဂ်သူ သုးမုဒိန်) သည် ကေအဲန်ယူ – ကရင်အမျိုး သားအစည်းအရုံး၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)တို့နှင့် လုံးဝ မပတ်သက်ကြောင်းကို ၂ဝ၂၂ ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ၊KNU ၏ ရပ်တည်ချက်ကို ပါဝင်သူ များ အားလုံးသိရှိရေးနှင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ဆက်သွယ် အသိပေးသွားရန် ဆုံးဖြတ်ခဲ့ကြောင်း စသည်ဖြင့်ဖော်ပြပါရှိပါသည်။

      ပြီးခဲ့သည့် ရက်ပိုင်းက စောနယ်ဒါးမြ ၏ KAWTHOOLEI ARMY လက်အောက်ခံ စစ်ကြောင်းမှူး အယ်စေးဝါး(လက်ပြတ်)၏ Lion Battation Commando Special Forces ဗျူဟာစစ်ကြောင်းက ကော့ကရိတ်မြို့နှင့် ကြားအင်းဆိပ်ကြီးမြို့များကို Drop Bomb၊လက်နက် ကြီး၊လက်နက်ငယ်များဖြင့် အကြမ်းဖက်တိုက် ခိုက်ခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူများ သေ ဆုံး ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည့်အပေါ် KNU ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ၎င်းတို့နှင့် ပတ်သက်မှု မရှိကြောင်း ဆိုလိုခြင်းဖြစ်ပါသည်။

      အဆိုပါ အယ်စေးဝါး(လက်ပြတ်)၏ Lion Battation Commando Special Forces ဗျူဟာစစ်ကြောင်းအနေဖြင့် ကြာအင်းဆိပ်ကြီး တိုက်ပွဲတွင် စစ်ကြောင်းမှူး အယ်စေးဝါး(လက် ပြတ်)ကိုယ်စား စစ်ကြောင်းကို ဦးဆောင်လာသည့် ဒုစစ်ကြောင်းမှူး စောလား သေဆုံးခဲ့ပြီးနောက် ဆုတ်ခွာသွားကြရာ ကော့ကရိတ်မြို့နှင့် ကြားအင်းဆိပ်ကြီးမြို့များတွင် ပြည်သူများ ပုံမှန်အတိုင်း သွားလာလုပ်ကိုင်နေကြကြောင်း သိရပါသည်။

      ထို့ပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံးသည် အဆိုပါ သတင်းထုတ်ပြန်ချက်အပြင် အသိပေးကြေညာချက် တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။ ၎င်း အသိပေးကြေညာချက်မှာ ကရင်အမျိုးသားအစည်း အရုံး ၏ သဘောထားထုတ်ပြန်ချက်များဖြစ်စေ၊ သတင်းထုတ်ပြန်ချက်များဖြစ်စေ ပြောရေးဆိုခွင့်ရှိသူ (Spoke Person)အဖြစ် ပဒိုစောတောနီး(ဗဟိုအလုပ် အမှုဆောင်ကော်မတီ)နှင့် ပဒိုစောကလယ်စေး(ဗဟို အမြဲတမ်းကော်မတီ)တို့အားလည်းကောင်း၊ အဆိုပါ ပြောရေးဆိုခွင့်ရှိသူ (Spoke Person) များတို့နှင့် ဆက်သွယ်ဆောင်ရွက်ပြောဆိုနိုင်ရန် ဆက်သွယ်ရမည့်သူ (Contact Person) အဖြစ် စောနယ်ဒုဒါး (+66 98 687 9384)၊ နော်ဆိုဖီ (+66 80 228 0996 )တို့အား တာ၀န်ပေးအပ်ပါကြောင်း ဖော်ပြထားကြောင်း သတင်းရရှိပါသည်။

#PAN