တောင်သာမြို့နယ်တွင် အမျိုးသား ၁ ဦးကို  သတ်ဖြတ်သွားသော အကြမ်းဖက် PDF များကိုလုံခြုံရေးအဖွဲ့က လိုက်လံရှင်းလင်းရာ အကြမ်း ဖက်PDF များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွား

နိုဝင်ဘာ ၆

      မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာသို့ အကြမ်းဖက် သမား PDF အင်အား ၂၀ ဦးခန့်သည် Light Truck ကား ၁ စီး၊ ဆိုင်ကယ် ၂ စီးတို့ဖြင့် ယမန် နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ရောက်ရှိလာပြီး ကျေး ရွာသူ/သားများထံမှ ငွေကြေးများခြိမ်း ခြောက်တောင်းယူကာ အဆိုပါကျေးရွာနေ ဦးဇော်(ခ)ဘူးသီး၊ ၄၆ နှစ်အား ဖမ်းဆီးခေါ်ဆောင် သွားပြီး ဇရပ်ကြီး – ငွေသောင်ကျေးရွာသွား မြေသားလမ်းဘေး အထက(ဇရပ်ကြီး)ရှေ့တွင် ဦးဇော်(ခ)ဘူးသီး အားသတ်ဖြတ်သွားကြောင်း သိရသည်။

      အဆိုပါ သတင်းအရ နယ်မြေခံတပ်ရင်းမှ ပူးပေါင်း အဖွဲ့များက အခင်းဖြစ်နေရာသို့ သွား ရောက်စစ်ဆေးခဲ့ရာ ဦးဇော်(ခ)ဘူးသီး အား ဦး ခေါင်းပြတ်လျက် (ဦး ခေါင်းအားရှာမတွေ့) သေ ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အလောင်းအား တောင်သာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

       ထို့နောက် လုံ​ခြုံရေးပူးပေါင်းအဖွဲ့သည် အကြမ်း ဖက်အုပ်စုများဆုတ်ခွာရာ တောင်သာ – နွားထိုးကြီးကားလမ်းတစ်လျှောက် နယ်မြေရှင်း လင်းခဲ့ရာ တောင်သာ – နွားထိုးကြီး – မာန်လည်ကျေးရွာသွားလမ်းခွဲအနီး  ချုံခိုစောင့်ဆိုင်း နေသည့် အကြမ်းဖက်သမား PDF ၇ ဦးခန့်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

       အကြမ်းဖက်သမား PDF များသည် တောင်သာမြို့ ၏အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ကျန်ရစ်ခဲ့သော လက်လုပ်သေနတ် အတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ 9 MM ကျည် ၁ တောင့်တို့အား သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

#PAN