ဖြူးမြို့နယ်၊ ထန်းကုန်းရွာတွင် ရောက်ရှိနေသော အကြမ်းဖက် PDF အဖွဲ့များကို နယ်မြေလုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်း

နိုဝင်ဘာ ၆

      ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ထန်းကုန်းရွာတွင် အကြမ်းဖက် PDF အဖွဲ့များ ရောက်ရှိနေကြောင်း ဒေသခံများရဲ့ သတင်းပေးမှုကြောင့် ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် နယ်မြေလုံခြုံ ရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။

       နယ်မြေလုံခြုံ ရေးအဖွဲ့များက ထိုသို့ သွားရေ က်ရှင်းလင်းရာ အကြမ်းဖက်သောင်းကျန်းသူ PDF များ အငိုက်မိသွားပြီး ကိုယ်လွတ်ရုန်းထွက် ပြေးကြရကြောင်း ဒေသခံရွာသားများက သတင်းပေးပို့လာပါသည်။

       အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ M-16 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၅ တောင့်၊ Drone ၁ စီးနှင့် ဆက်စပ်ပစ္စည်းများ၊ အီနာဂါ ဗုံးသီး ၂ လုံး၊ PVC မိုင်း ၂ လုံး၊ ဖုန်း ၂ လုံး၊ Icon ၁ လုံးတိုကို သိမ်းဆည်းရမိခဲ့ပြီး နယ်မြေလုံခြုံရေးအဖွဲ့မှ ထိ ခိုက်သေဆုံးခြင်းမရှိကြောင်း သတင်းရရှိပါသည်။

#PAN