နောင်ချိုမြို့နယ်၊ ဂုတ်တွင်းအနီး အကြမ်းဖက်သောင်းကျန်းသူ TNLA /PDF အဖွဲ့များ တပ်မတော်မှရဟတ် ယာဉ်ဖြင့် ပစ်ခတ်ချေမှုန်းမှုများကြောင့် အကျ အဆုံးများပြား

နိုဝင်ဘာ ၆

       ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဂုတ်တွင်းအနီး ခိုအောင်းနေသော အကြမ်းဖက်သောင်းကျန်းသူ TNLA /PDF အဖွဲ့များ အကျ အဆုံးများပြားကြောင်း သိရပါသည်။

      နောင်ချိုမြို့နယ်၊ ဂုတ်တွင်းအနီး နောင်ပိန်ရွာတွင် အခြေပြုနေသော အကြမ်းဖက်သောင်း ကျန်းသူ TNLA /PDF များကို ယနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်က တပ်မတော်မှရဟတ် ယာဉ်ဖြင့် ပစ်ခတ်ချေမှုန်းခဲ့ရာ အကြမ်းဖက် ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ ငိရပါသည်။

       အလားတူ ယနေ့ နံနက် ၉ နာရီခန့်တွင် ဂုတ်တွင်းလုံခြုံရေးစခန်းအား နှောက်ယှက်ပစ်ခတ်ရန် ချဉ်းကပ်လာသောအကြမ်းဖက်အဖွဲ့များအား လုံခြုံရေးယူထားသော တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်ချေမှုန်းခဲ့ပြီး တပ်မတော်ရဟတ်ယာဉ်မှလည်း ထပ်မံချေမှုန်းခဲ့သည့်အတွက် အကြမ်းဖက်များ ထိခိုက်သေဆုံးမှု့များကြောင်း ရှေ့တန်းစစ်မြေပြင်မှ ပေးပို့ချက်အရသတင်း ရရှိသည်။

#PAN