မုံရွာမြို့နယ်၊ တောင်ပုံကျေးရွာအနီးတွင် ခိုအောင်းနေ အကြမ်းဖက် PDF များကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းတိုက်ခိုက်

နိုဝင်ဘာ ၆

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောင်ပုံကျေးရွာအနီးတွင် အကြမ်းဖက် PDF များ ခိုအောင်းနေကြောင်း ဒေသခံရွာသားများက လျှို့ဝှက်သတင်း ပေးပို့လာရာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ နိုဝင်ဘာ လ ၄ ရက် ည ၉ နာရီခွဲခန့်တွင် သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့သည်။

      လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အငိုက်ဖမ်းတိုက် ခိုက်မှုကို ခံလိုက်ရသဖြင့် အကြမ်းဖက် PDF များ ကစဥ်ကလျားဆုတ်ခွာ ထွက်ပြေးသွားကြကြောင်း သိရပါ သည်။

        အဆိုပါတိုက်ပွဲအပြီးတွင် ၎င်းနေရာတွင်ကျန်ရစ်ခဲ့သော အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ မောင်းပြန်သေနတ် ၂ လက်၊ ကျည်အိမ် ၉ ခု၊ ကျည်မျိုးစုံ ၁၂၀ တောင့် တို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

#PAN