နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင် ဖြူပင်ကျေးရွာ၌ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် အကြမ်းဖက် PDF များ ထောင် ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေး ရွာနေသူများဖြစ်ကြသော ဦးသန်း၊ ၇၆ နှစ်နှင့် ဦးသက်အောင် ၊၄၂ နှစ်၊ မြင်သာကျေးရွာနေ ဒေါ်ဝင်းဝင်းအေး ၊ ၄၅ နှစ်တို့သည် ညောင်ဖြူပင်ကျေးရွာအနီးရှိ ယာ ခင်းသို့ တောလမ်းအတိုင်း ခြေလျင်ထွက်လာရာ လမ်း၌ အကြမ်းဖက်သမား PDF များ ထောင်ထားသည့် လက်လုပ်မိုင်းအား နင်းမိ ပေါက်ကွဲခဲ့သဖြင့် ဦးသန်းနှင့် ဒေါ်ဝင်းဝင်းအေးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ၍ ဦးသက်အောင်မှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
#PAN