ရုရှားနိုင်ငံ၏ ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ၃ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ရုရှား နိုင်ငံသမ္မတ ဗလာဒီမာပူတင်ပြောကြား

နိုဝင်ဘာ ၅

     ရုရှားနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ် မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ်အတွင်း ၃ ရာခိုင်နှုန်းအထိ မြင့်တက် လာနိုင်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် က နိုဝင်ဘာလ ၃ ရက်တွင် ပြောကြားသည်။

     ယခုနှစ်အတွင်း ရုရှားနိုင်ငံ၏ ပြည်တွင်းအသား တင်ထုတ်လုပ်မှုတန်ဖိုးသည် ၂ ဒသမ ၈ ရာခိုင်နှုန်းမှ ၂ ဒသမ ၉ ရာခိုင်နှုန်း သို့မဟုတ် ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာလိမ့်မည်ဖြစ် ကြောင်း ရုရှားနိုင်ငံသမ္မတ ၏ ပြောကြားချက်ကို ကိုးကား၍ ကရင်မလင် က ပြောကြားသည်။

     ဥရောပရှိ ထိပ်တန်းစီးပွားရေးများ ကျဆင်းလာမည်ဟု ရုရှားသမ္မတ ပူတင် က မှတ်ချက်ပြုခဲ့ပြီး လက်ရှိတွင် ဥရောပထိပ်တန်း စီးပွားရေးလုပ်ငန်းများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရကြောင်းလည်း ပူတင် က ပြောကြား သည်။

ရုရှားသည် စီးပွားရေး၊ စစ်ရေး၊ ပြည်တွင်းနှင့် နိုင်ငံရေးရာ ကိစ္စရပ်များတွင် ပိုမိုအားကောင်းလာခြင်းကြောင့် ရုရှား နိုင်ငံအား အဖွဲ့အစည်းများ၏ ဖယ်ထုတ်ခံရနိုင်ချေ နည်းပါးလာကြောင်းလည်း ပူတင် ကပြောကြားသည်။

#PAN