ချောင်းဦးမြို့နယ်၊အကြမ်းဖက်ခြေကုတ်စခန်း တစ်ခုကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းချေမှုန်း

နိုဝင်ဘာ ၅

     စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာအနီးတွင် အကြမ်းဖက်သောင်း ကျန်းသူ PDF များက ခြေကုတ်စခန်းတည် ဆောက်ပြီး အခြေပြုနေကြောင်း ဒေသခံပြည်သူများက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ထံ လျှို့ဝှက်ပေးပို့လာခဲ့ပါသည်။

      အဆိုပါ အကြမ်းဖက်ခြေကုတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် သွားရောက်ရှင်းလင်းချေမှုန်းခဲ့ရာ အကြမ်းဖက် PDF များ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြကြောင်း ဒေသ ခံရွာသားများထံ သိရပါသည်။

     အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊အမ်-၂၂ကျည်အိမ် ၄ ခု၊ အမ်-၂၂ ကျည် ၁၈၀ တောင့်၊ လက်ပစ်ဗုံး ၁၃ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဖက်တွင် ထိခိုက်သေဆုံးမှုမရှိကြောင်း သတင်း ရရှိပါသည်။

#PAN