ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ်အမေရိကန်ဒေါ်လာ ၆၅ သန်း ထပ်မံပေးအပ်ရန် ဂျပန်အစိုးရက ကတိပြု

နိုဝင်ဘာ ၅

      ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကို သည် ဂါဇာကမ်းမြောင် အနောက်ဘက်ကမ်းရှိ ရာမာလက်ရှိမြို့သို့ သွားရောက်လည်ပတ်စဉ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ထပ်မံပေးအပ်ရန် အမေရိကန်ဒေါ်လာ ၆၅ သန်း ကတိပြုခဲ့ကြောင်း သိရသည်။

       ကာမီကာဝါ ယိုကိုသည် ပါလက်စတိုင်း နိုင်ငံ ခြားရေးဝန်ကြီး ရီယတ်အယ်လ်မာလီကီနှင့် ယမန်နေ့တွင်တွေ့ဆုံခဲ့သည်။ အလားတူ တဲလ်အဗစ်မြို့၌ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

        ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာ ထောက် ထားမှု အကူ အညီအဖြစ် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၁၀ သန်း ကတိပြုထားပြီးဖြစ်သည်။ အစ္စရေး-ဟားမတ်စ်အရေးတွင် သေဆုံးခဲ့ရသူ များ၏ မိသားစုများကိုလည်း ကာမီကာဝါ ယိုကိုက ဝမ်းနည်းစကား ဆိုခဲ့သည်။

        ဂျပန်နိုင်ငံက ဟားမတ်စ်နှင့် အခြားအဖွဲ့များ ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချပြီး ဓားစာခံများအား ချက်ချင်းပြန်လွှတ်ပေးရန်နှင့် အခြေအနေကို တတ်နိုင်သမျှ အရှိန်မြှင့်ရန် တောင်းဆိုထားကြောင်း ကာမီကာဝါ ယိုကိုက ပြောကြားသည်။

       ဂါဇာကမ်းမြောင်ဒေသတွင်ရှိသည့် ပြည်သူ များအတွက် လိုအပ်သည့်အကူအညီများ ပေးသင့်ကြောင်း ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး မာလီကီက ဆို သည်။

      ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီမှတစ်ဆင့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးမည်ဖြစ်ကြောင်းကာမီကာဝါယိုကိုက ဆို သည်။ ဂျပန်နိုင်ငံ၏ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး အနောက်ဘက်ကမ်းတွင် အကြမ်းဖက်မှုများလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကြောင်း ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီး မာလီကီက ပြောကြားသည်။

       အစ္စရေးနှင့် အနာဂတ် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံတို့ ယှဉ်တွဲနေထိုင်နိုင်သည့် နှစ်နိုင်ငံဖြေ ရှင်းချက်ကို ဂျပန်က ဆက်လက်ထောက်ခံကြောင်း ကာမီကာဝါ ယိုကိုက ပြောကြားသည်။