ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ပါဝင်နိုင်ရန် ဒေါ်လာ ၅ သန်း ထည့်ဝင်နိုင်သည့် မြန်မာကုမ္ပဏီများကို ဖိတ်ခေါ်

နိုဝင်ဘာ ၄

ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ပူပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံအစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတွေ ပါဝင်တဲ့ Myanmar GED Consortium ဖွဲ့စည်းရေး စီစဉ်နေကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ (စီးပွား/ကူးသန်း) ၏ ပြောကြားချက်အရ သိရသည်။

Myanmar GED Consortium တွင် ပါဝင်လိုသည့် နိုင်ငံသားကုမ္ပဏီမျာယအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်သွင်းနိုင်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့မှ ဖိတ်ခေါ်ထားသည်။

ပါဝင်လိုသည့် ကုမ္ပဏီမှာ သက်တမ်း (၁၀)နှစ်နှင့် အထက် (သို့မဟုတ်) အခြေခံအဆောက်အဦ တည်ဆောက်ရေး အတွေ့အကြုံ (၅)နှစ် ရှိရမှာဖြစ်ပြီး ရခိုင်တိုင်းရင်းသားကုမ္ပဏီဖြစ်လျှင် သတ်မှတ်ကာလကို လျှော့ပေါ့စဉ်းစားပေးမှာ ဖြစ်ကြောင်းလည်း သိရသည်။

လျှောက်ထားလိုသည့် ကုပ္မဏီမျအနေဖြင့် ၃ နှစ်အတွင်း လုပ်ငန်းကနေ ပျမ်းမျှဝင်ငွေ ဒေါ်လာသန်း (၂၀) သို့မဟုတ် ၎င်းနှင့် ညီမျှသည့် မြန်မာကျပ်ငွေ ရရှိရမှာဖြစ်ပြီး နာမည်ပျက်စာရင်း၊ တားမြစ်ပိတ်ပင်ထားခြင်း၊ အရည်အချင်းမပြည့်မီသည့် အတွက် သတ်မှတ်ထားသည့် ကုမ္ပဏီမဖြစ်ရမှာဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီတွင် လိုအပ်သည့် ပညာရှင်နှင့် အခြားကျွမ်းကျင်ဝန်ထမ်း လုံလောက်စွာ ခန့်ထားရမှာဖြစ်ပြီး နည်းပညာကျွမ်းကျင် ဝန်ထမ်းများကို စီမံကိန်းတွင်ထောက်ပံ့ပေးနိုင်ရမှာဖြစ်ကြောင်းလို့လည်း သတ်မှတ်ထားသည်။

အဖွဲ့အစည်းတွင် ပါဝင်လိုကြောင်း စတင်အဆိုပြုသည့် အချိန်တွင် အနည်းဆုံး ဒေါ်လာ (၅) သန်း ထည့်ဝင်နိုင်ကြောင်း အထောက်အထားတစ်ခုခု တင်ပြနိုင်သည့် ကုမ္ပဏီဖြစ်ရမှာဖြစ်ကြောင်း လုပ်ငန်းအဖွဲ့၏ EOI ဖိတ်ခေါ်စာတွင် ဖော်ပြ ထားသည်။

လွန်ခဲ့သည့် ၃ နှစ်အတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းကို စာရင်းစစ်အစီခံစာနှင့်အတူ ပူးတွဲတင်ပြနိုင်ရမှာဖြစ်ပြီး အခွန်ကင်းရှင်းကြောင်း အထောက်အထားလည်း တင်ပြရမည့်အထဲတွင် ပါဝင်နေသည်။

စိတ်ဝင်စားတဲ့ ကုမ္ပဏီများအနေဖြင့် EOI အဆိုပြုလွှာကို တစ်စုံ ကျပ်တစ်သောင်းနှုန်းနှင့်ဝယ်ယူပြီး EOI နှင့် ဆက်စပ် စာရွက်စာတမ်းများကို ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ကြောင်းကိုလည်း အသိပေးထားသည်။

PAN