ရသေ့တောင်မြို့နယ်က အထက်တန်းကျောင်းသူတစ်ဦး ကြိုးဆွဲချ သေဆုံး

နိုဝင်ဘာ ၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကမ်းဒေသ၊ ဆားပြင်ကြီးကျေးရွာက အထက်တန်းကျောင်းသူတစ်ဦး ကြိုးဆွဲချ သေဆုံးသွားတယ်လို့ သိရပါတယ်။

ကြိုးဆွဲချသေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ် ညောင်ပင်လယ် (အထက)ကျောင်းမှာ Grade 11 တက်ရောက်နေသူ အသက် ၁၈ နှစ်အရွယ် မဆန်းဆန်းဌေး ဖြစ်ပြီး ဒီကနေ့ မွန်းလွဲ ၁၂ နာရီကျော်က ကျောင်းကအပြန်မှာ အခုလို ကြိုးဆွဲချ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူမ မသေဆုံးခင် ကျောင်းဆင်းတဲ့အချိန် ယောက်ျားလေး သူငယ်ချင်းတစ်ယောက်ဆီကို “ငါသေချင်နေပြီ” လို့ဆိုပြီး ဖုန်း Message တစ်စောင် ပို့ခဲ့ပြီး အခုလို နေအိမ်ကိုအရောက်မှာ ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဆန်းဆန်းဌေးမှာ ယောက်ျားလေးလိုနေတတ်သူ တစ်ဦးဖြစ်ပြီး ဘယ်လိုအကြောင်းကြောင်းကြောင့် သေဆုံးသွား တယ်ဆိုတာကို မသိရှိရဘူးလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

မဆန်းဆန်းဌေး သေဆုံးနေတာကို မိဘတွေက မသိရှိခင် သူမရဲ့ သူငယ်ချင်းဖြစ်သူက ဖုန်းထဲကို Message ဝင်လာတဲ့ အချိန်မှာ အိမ်ကိုချက်ချင်းပြေးသွားကြည့်တဲ့အခါ ကြိုးဆွဲချသေဆုံးနေတဲ့ သူမရဲ့အလောင်းကိုသာ မြင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

မဆန်းဆန်းဌေးရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေက ဆားပြင်ကြီးသင်္ချိုင်းကို ပို့ဆောင်ခဲ့ကြပြီး နေ့လည် ၂ နာရီခွဲမှာ သင်္ဂြိုလ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

PAN