ကြာအင်းဆိပ်ကြီးမြိုနယ်အတွင်း လှုပ်ရှားနေသော အကြမ်းဖက်သောင်းကျန်းသူ KNLA / PDF များက အမျိုးသမီးငယ်လေးများကို ရှေ့ဆုံးမှ တိုက်ပွဲဝင်ခိုင်း

နိုဝင်ဘာ ၃

      ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်အတွင်း လှုပ်ရှားနေသော အကြမ်းဖက်သောင်း ကျန်းသူ KNLA / PDF များက PDF အမျိုးသမီးငယ်လေးများကို ရှေ့ဆုံးမှ တိုက်ပွဲဝင်ခိုင်းခဲ့သည်ဟု သိရပါသည်။

       အောက်တိုဘာလ ၂၈ ရက်နေ့က ကြာအင်းဆိပ်ကြီးမြိုနယ်၊ အဇင်းကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်း သူ KNLA+PDF ပူးပေါင်းအဖွဲတို့ ၏ တိုက်ပွဲတွင် အကြမ်းဖက်သောင်းကျန်းသူဖက်မှ  KNLA / PDF အလောင်း ၁ လောင်းနှင့်အတူ M-16 သေနတ် ၁ လက်၊ AK-47 သေနတ် ၂ လက်၊ Sigasure ပစ္စတို ၁ လက်၊ ကျည်အိမ် ၇ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာဦးထုပ် ၂ လုံးနှင့် လမ်းလျှောက်စကားပြောစက် ၁ လုံးတိုကို သိမ်း ဆည်းရမိခဲ့ပါသည်။

      ထို သိမ်းဆည်းရမိခဲ့သော PDF အလောင်းမှာ အမျိုးသမီးငယ် တစ်ဦးဖြစ်နေပြီး အသက် ၂၀ ဝန်း ကျင်သာရှိသေးကြောင်း သိရပါသည်။ ပြည်ပြေးအကြမ်းဖက် NUG နှင့် အပေါင်းပါ ပုစိန်ရိုးများ၏ ဝါဒမှိုင်းကြောင့် စုံလုံးကန်းပြီး လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အတွင်း ရောက်သွားကြသော အမျိုးသမီးငယ်များမှာ ယခုလို ရေတိမ်နစ်ရသည့် ဘဝသို့ ရောက်ကြရသည်။

#PAN