ထိုင်းအစိုးရက တန်ဖိုးမြင့် နည်းပညာနှင့် တီထွင်ဖန်တီးမှုများကို အားပေးမြှင့်တင်သွားမည်ဟုဆို

နိုဝင်ဘာ ၃

      ထိုင်းအစိုးရအနေဖြင့် တန်ဖိုးမြင့်နည်းပညာနှင့် တီထွင်ဖန်တီးမှုဦးဆောင်သော စီးပွားရေးလုပ်ငန်း တို့မှတစ်ဆင့် နိုင်ငံ၏စဉ်ဆက်မပြတ်တိုးတက်မှုကို အားပေးမြှင့်တင်သွားမည်ဖြစ် ကြောင်း ထိုင်းဝန်ကြီး ချုပ် က ပြောသည်။ တစ်ချိန်တည်းတွင် ပြဿနာအများအပြားကို ရင်ဆိုင်ရသည့်အတွက် ဆုံးရှုံးမှုများစွာ ဖြစ်ပွားပြီးနောက် နိုင်ငံအနေဖြင့် အနာဂတ်တွင် သက်သေပြနိုင်သည့် နိုင်ငံဖြစ်လာစေရေးလိုအပ်လာပြီ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

      ထို့ပြင် ထိုင်းနိုင်ငံသည် ၎င်းတို့၏စီးပွားရေးကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေရေးအတွက် အရေးတကြီး လုပ်ဆောင်ရန်လိုအပ်နေကြောင်း၊ ရေရှည်တွင် အောင်မြင်မှုရှိသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ထိုင်းပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပြီး ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြော သည်။

          အလားတူ ထိုင်းနိုင်ငံအနေဖြင့် အခြေခံလူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နေသည့် နိုင်ငံအဖြစ်မှ တီထွင်ဖန်တီးမှုရှိသော ကုန်ထုတ်လုပ်မှု ဗဟိုချက်အဖြစ်သို့ ပြောင်းလဲသွားစေရေးသည် အစိုးရ၏ မဟာဗျူဟာတစ်ရပ်ဖြစ်တယ်လို့ ၎င်းကပြောထားကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN