ဘရာဇီးတိုက်စစ်မှူး ရိုဒရီဂို ကို ၂၀၂၈ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်အသင်း သက်တမ်းတိုး

နိုဝင်ဘာ ၃

ရီးယဲလ်မက်ရစ်အသင်းသည် ဘရာဇီးလ် တိုက်စစ်ကစားသမား ရိုဒရီဂိုကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။

ရိုဒရီဂိုသည် အသက် ၁၈ နှစ်အရွယ်ကတည်းက ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှ ရီးယဲလ်မက်ရစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါသည်။ အသက် ၂၂ နှစ်ရှိ ရိုဒရီဂို၏ စာချုပ်သစ်တွင် စာချုပ်လျော်ကြေး ယူရိုတစ်ဘီလီယံ ပေးချေရမည့်အချက်ကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။

ရိုဒရီဂိုသည် မက်ဒရစ်ကလပ်နဲ့ ချန်ပီယံလိဂ်၊ ဥရောစူပါဖလား၊ ကမ္ဘာ့ကလပ်ချန်ပီယံရှစ် ဆုဖလားအပါအဝင် လာလီဂါ ချန်ပီယံနှစ်ကြိမ်နဲ့ ကိုပါဒယ်ရေးဖလားတွေလည်းရယူနိုင်ခဲ့ပါသည်။