ကျောက်ဆည်မြို့တွင် တိ/မွေးကု လက်ထောက်ညွှန်ကြား ရေးမှူး တစ်ဦး ပစ်ခတ်ခံရ

နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်အစောပိုင်းက မြို့နယ် တိ/မွေးကု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်မင်းဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့က ပစ်ခတ်သွားကြောင်း သိရသည်။
ဒေါက်တာကျော်မင်းဦးသည် တံစိုးဂိတ်ရက်ကွက်တွင် ဖွင့်လှစ်ထားသော ၎င်း၏ဆေးဆိုင်ကို သွားရောက်ဖွင့်လှစ်စဉ် လူသတ်အကြမ်းဖက် PDF နှစ်ဦး၏ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်မှုကို ခံခဲ့ရကြောင်းသိရသည်။
ပစ်ခတ်မှုကြောင့် ဒေါက်တာကျော်မင်းဦးမှာ ဝဲဘက် ကျောပြင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက် ၁ ချက်(စိုးရိမ်ရ) ရရှိခဲ့ပြီး ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံမှ တစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း သတင်းရရှိသည်။

PAN