လူသတ်အကြမ်းဖက် KKO ခွဲထွက်/ PDF ပူးပေါင်းအဖွဲ့များ က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခလရ (၉၇)တပ်ရင်း ဌာနချုပ်အား ၆၀ မမ၊ Drone များဖြင့် နှောက်ယှက်ပစ်ခတ် ခဲ့မှုကြောင့် သာမန်ပြည်သူ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိ

နိုဝင်ဘာ ၂
လူသတ်အကြမ်းဖက် KKO ခွဲထွက်/ PDF ပူးပေါင်းအဖွဲ့များက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခလရ (၉၇)တပ်ရင်းဌာန ချုပ်အား ၆၀ မမ၊ Drone များဖြင့် နှောက်ယှက်ပစ်ခတ်ခဲ့မှုကြောင့် သာမန်ပြည်သူ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ လူသတ်အကြမ်းဖက်အဖွဲ့များက ခလရ (၉၇) တပ်ရင်းဌာနချုပ်အား အဘောဘုရားကုန်းနှင့် နန်းကော်တိုး ကျေးရွာ၊ ဆင်ကုန်းလမ်းဆုံတို့ဘက်မှ ၆၀ မမ၊ Drone များဖြင့် နှောက်ယှက်ပစ်ခတ်ခဲ့ရာ ၎င်းတို့ ပစ်ခတ်လိုက်သော ၆၀ မမ ကျည် ၁ လုံးသည် အမှတ် ၂ ရပ်ကွက်၊ မြို့တော်ရပ် အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်ငွေသန်း ၈၅ နှစ်၊ (ဘ)ဦးသန်း၊နှင့် ဒေါ်အေးရီ ၄၀ နှစ်၊ (ဘ)ဦးမောင်ရင်တို့ နှစ်မှာ ဗုံးစထိမှန် ဒါဏ်ရာများ ရရှိခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုဒါဏ်ရာ ရရှိသူ အမျိုးသမီး ၂ ဦးအား ၈ နာရီ ၅၀မိနစ်အချိန်ခန့်တွင် ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားရှိ ကြောင်း၊ ဒေါ်ငွေသန်း ၈၅ နှစ်သည် ဝမ်းဗိုက်ချက်အပေါ် ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံး ဗုံးစဖောက်ဝင် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ဒေါ်အေးရီ ၄၀ နှစ်သည် ယာပေါင် ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)တို့ ရရှိခဲ့ ကြကြောင်း သတင်းရရှိပါသည်။

#PAN