ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ကို ဝင်ရောက် တိုက် ခိုက်လာသော KNU နှင့် PDF အကြမ်းဖက်အဖွဲ့ အကျအဆုံး များသဖြင့် ပြန်လည်ဆုတ်ခွာ ကြားအင်းဆိပ်ကြီးမြို့ကို လာရောက်တိုက်ခိုက်သော အကြမ်းဖက်သောင်းကျန်းသူ KKO (ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များ အထိအခိုက် အကျအဆုံးများဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေး ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ကို ဝင်ရောက် တိုက်ခိုက်လာသော KNU နှင့် PDF အကြမ်းဖက်အဖွဲ့ အကျအဆုံးများသဖြင့် ပြန်လည် ဆုတ်ခွာ

နိုဝင်ဘာ ၂

  ယနေ့ နံနက် ၅ နာရီ အချိန်ခန့်မှစ၍  အကြမ်း ဖက်သောင်းကျန်းသူ KKO (ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များ သည် ကြားအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် မြို့ပေါ်ရှိလုံခြုံရေးအဖွဲ့များကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ကြသည်။ 

   နံနက် ၅ နာရီခွဲ့အချိန်ခန့်မှ ၁၀ နာရီအချိန်ခန့်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့သည် အမှတ်(၆)ရပ်ကွက်၊ အနိမ်းပိုင်းမှ မြို့ထဲရှိရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများဆောင် ရွက်ခဲ့သည်။ 

အဆိုပါ သောင်းကျန်းသူများမှာ စိုက်ပျိုးရေးလမ်းသစ်တောရုံး၀င်းဒေါင့်နားတွင်အများအပြားရောက်ရှိနေကြောင်း ပြည်သူများ၏ သတင်းပေးပို့မှုကြောင့် နယ်မြေခံတပ်မှလက်နက် ကြီးပစ်ကူ ထိရောက်စွာပစ်ခတ်ပေးနိုင်ခဲ့ပါသည်။

 ထိုပြင် ၎င်းအကြမ်းဖက်အဖွဲ့က  ကြာအင်းဆိပ်ကြီးမြို့ရဲစခန်းအား အချိန်ကြာမြင့်စွာပစ်ခတ်နေခြင်း၊ အချိန်ဆွဲပြီး မြို့ထဲတွင် ဟိုနေရာပစ် ဒီနေရာပစ်များလုပ်ဆောင်ခြင်း၊ ပစ်လိုက်နားလိုက်လုပ်နေပြီး အချိန်ဆွဲပစ်ခတ်နေစဥ် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကြာအင်းဆိပ်ကြီးမြို့သို့ ရဟတ်ယာဥ်တစ်စီးဖြင့် လေကြောင်းပစ်ကူလာရောက်ပစ်ခတ်ရာ အကြမ်းဖက်သောင်းကျန်း သူများသည် အရဟံကျောင်း အနောက်ဘက်မှ ပြန်လည်ဆုတ်ခွာပြေးနေကြကြောင်း ဒေသခံပြည်သူများမှ သတင်းပေးပို့လာပါသည်။ 

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်သောင်း ကျန်းသူ အယ်စေးဝါး(လက်ပြတ်) အဖွဲ့မှ အလောင်း ၁ လောင်း၊ M-4 (ဗုံးပစ် လောင်ချာပါ) ၁ လက်၊ ၎င်း ကျည်အိမ် ၁ ခု၊ ပစ္စတို ၁ လက်၊၎င်း ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမကျည် ၁၂ တောင့် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဒဏ်ရာရသူအမြောက်အများ သယ်ယူသွားကြကြောင်း သိရပါသည်။

    နံနက် ၁၁ နာရီအချိန်ခန့်တွင် နယ်မြေရှင်း လင်းနေပြီး ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင်ပစ်ခတ်သံများ ငြိမ်သက်သွားကြောင်း ထိခိုက်မူမှာ လတ်တလောအရ ထွေအုပ်၀န်ထမ်း ၁ ဦး လက်နက်ငယ်ကျည် ၃ ချက်ထိမှန်ထားကြောင်း သိရသည်။ 

အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်) နှင့် PDF ပူးပေါင်းအဖွဲ့များသည် ကြာအင်းဆိပ်ကြီးမြို့ကို ၁၃ ကြိမ်ထက် မနည်းတိုက်ခိုက်ခဲ့သော်လည်း ယနေ့ အထိ အောင်မြင်မှု မရရှိပဲ အရှုံးနှင့်သာ ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN