အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဉာဏ်ရည်တုနည်းပညာဘေးကင်းလုံခြုံမှုရှိစေရေး အမိန့်ညွှန်ကြားချက်တစ်ရပ် လက်မှတ်ရေးထိုး

နိုဝင်ဘာ ၂

     AI ဉာဏ်ရည်တု နည်းပညာသည် ကမ္ဘာတစ် ဝန်း၌ လျင်မြန်စွာပျံ့နှံ့နေသောကြောင့် ဉာဏ်ရည်တုနည်းပညာကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် ကောင်းမွန်သောလုပ်ဆောင်ချက် များ ချမှတ်ဆောင် ရွက်ရန် ရည်မှန်းချက်ဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမိန့်ညွှန် ကြားချက်တစ်ရပ်ကို ယမန်နေ့က လက်မှတ်ရေး ထိုးခဲ့သည်။

      အဆိုပါအမိန့်အရ ဉာဏ်ရည်တုစနစ်များကို အသုံးမပြုမီ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သည့် စမ်းသပ်မှုများအတွက် တင်း ကျပ်သောစံနှုန်းများကို အစိုးရအေဂျင်စီတစ်ခုက ဖန်တီးပေးရမည်ဖြစ်သည်။ ယင်းသို့ဆောင် ရွက်ခြင်းဖြင့် ကုမ္ပဏီများမှ ထုတ်လုပ်သည့် ထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ပေးရာ ရောက်မည်ဖြစ်သည်။

       ထို့ပြင် ဉာဏ်ရည်တုနည်းပညာ အသုံးပြုပြီး ထုတ်လုပ်သည့်ထုတ်ကုန်များတွင် တံဆိပ်ကပ်ခြင်းစသော စံနှုန်းသတ်မှတ်ချက်များလည်း လိုအပ်မည်ဖြစ်ကြောင်း အဆိုပါအမိန့်စာတွင် ဖော်ပြထားသည်။

        ဉာဏ်ရည်တု နည်းပညာကြောင့် ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်ရန် စီမံခန့်ခွဲမှုများ ပြုလုပ်နေစဉ် နောက်ထပ်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများလုပ်ဆောင်ရန်ကိုလည်း အားပေးပါကြောင်း ယင်းအမိန့်စာတွင် ပါရှိသည်။

        ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် အဓိ ကနယ်ပယ်များတွင် ဉာဏ်ရည်တုဆိုင်ရာ သုတေသနအတွက် ထောက်ပံ့ကြေးများ မြှင့်တင်ရန် အစီအမံများလည်းပါရှိသည်။

       “ဉာဏ်ရည်တု နည်းပညာက ကျွန်တော်တို့ ပတ် ဝန်းကျင်မှာ ရှိပါတယ်။ တော်တော်များများက ကျွန်တော်တို့ရဲ့ဘဝတွေကို ပိုကောင်းအောင် လုပ်နေပါတယ်”၊ ဒါပေမယ့် ဉာဏ်ရည်တုနည်း ပညာကြောင့်  ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေ ကို ရှောင်ရှားဖို့၊ ဒီနည်းပညာကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့လိုပါတယ်” ဟု သမ္မတဂျိုးဘိုင်ဒင်ကဆိုသည်။

      လက်မှတ်ရေးထိုးခဲ့သည့် ဉာဏ်ရည်တုဆိုင် ရာ အမိန့်ညွှန်ကြားချက်သည် ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရမဆို ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ဘေး ကင်းလုံခြုံရေးနှင့် ယုံကြည်စိတ်ချရမှုအတွက် ဆောင်ရွက်ရမည့် နည်းလမ်းကောင်းတစ်ခု ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ကိုယ် ရေးကိုယ်တာ အကာအကွယ်ပေးရေး ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် သမ္မတ ဂျိုးဘိုင်ဒင်က လွှတ်တော်ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

#PAN