ရန်ကုန် – မော်လမြိုင်ခရီးသည်တင် မှန်လုံယာဉ် ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေသော အောင်ကျော်မိုး မှန်လုံခရီးသည်တင်ယာဉ်ကို ယမန်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်မြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာစဥ် ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်း PT Power စက်သုံးဆီ အရောင်းဆိုင်အနီးတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ မိုင်းထောင် ဖောက်ခွဲခြင်းခံရကြောင်း သိရှိရပါသည်။

အဆိုပါယာဥ်‌ပေါ်တွင် ခရီးသည် ၄၀ ဦးလိုက်ပါလာပြီး ခရီးသည်ကျား ၄ ဦး၊ မ ၄ ဦး၊ ပေါင်း ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်ခရီးသည်များကို ကျိုက်ထိုမြို့ ၊ ကျိုက်ပေါလောဓမ္မာရုံတွင် ခေတ္တတည်းခိုရန် တာဝန်ရှိ သူများက နေရာချထားပေးထားရကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက်အဖွဲ့များသည် ခရီးသည်တင်ယာဉ်များကို မကြာခဏမိုင်းခွဲ တိုက်လေ့ရှိကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများက ပြောဆိုကြပါသည်။

#PAN