ဂျပန်မှ မြန်မာလုပ်သား ၉၀၀ နီးပါးကို အလုပ်ခေါ်ယူ

နိုဝင်ဘာ ၁

      မြန်မာအလုပ်သမား အယောက် ၉၀၀ နီးပါးကို ခေါ်ယူရန်အတွက် ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က အလုပ်ကမ်းလှမ်းထားသည်ဟု ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

      မြန်မာသံရုံးအနေနှင့် ဂျပန်နိုင်ငံ ကုမ္ပဏီများမှ ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ၃၁၅ ခု၏ အချက် အလက်များကို အောက်တိုဘာလ ၁၇ ရက်မှ ၃၁ ရက်အတွင်း စိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည်ဟု ဆိုပါသည်။ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီး ကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည် ထောင်ထားခြင်း ရှိမရှိ စာရွက်စာတမ်း အထောက် အထားများနှင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါသည်။

         အလုပ်ကမ်းလှမ်းစာထဲတွင် မြန်မာလုပ် သား အမျိုးသမီး အယောက် ၅၀၀ ကျော်နှင့် အမျိုးသား အယောက် ၃၀၀ ကျော် စုစုပေါင်း အယောက် ၉၀၀ နီးပါးအတွက် အလုပ်ခေါ်ယူထားခြင်း ဖြစ်သည်ဟု သိရပါသည်။

#PAN