၂၀၃၄ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံ လျှောက်ထားမှု ဆော်ဒီ တနိုင်ငံတည်းသာရှိနေ

နိုဝင်ဘာ ၁

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံလျှောက်ထားမှုမှာ ဆော်ဒီတစ်နိုင်ငံတည်းသာရှိနေတယ်လို့သိရပါတယ်။

တစ်ခြားကမ္ဘာ့ဖလားပြိုင်ပွဲလို ပူးတွဲနိုင်ငံအနေနဲ့ မကျင်းပပဲ တစ်နိုင်ငံထဲမှာပဲ ကျင်းပခွင့်ရမှာပါ။ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ ဆော်ဒီက ပြိုင်ပွဲတော်တော်များများကို လက်ခံကျင်းပခဲ့ပြီပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဆော်ဒီနိုင်ငံဟာ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့အတူ နွေရာသီမှာ အပူချိန် ၄၃ ဒီဂရီဆဲစီးယက်စ်လောက် ရှိတာကြောင့် ဥရောပနိုင်ငံတွေရဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

🏆၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ မက္ကဆီကို နဲ့ ကနေဒါ
🏆 ၂၀၃၀ ကမ္ဘာ့ဖလားကို (၆) နိုင်ငံ ဖြစ်တဲ့ ပေါ်တူဂီ၊ စပိန်၊ မော်ရိုကို၊ ဥရုဂွေး၊ အာဂျင်တီးနား နဲ့ ပါရာဂွေး
🏆၂၀၃၄ ကမ္ဘာ့ဖလားမှာဖြင့် ဆော်ဒီ