ငါန်းဇွန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီကို ထောက် ခံဝန်းရံသူ အမျိုးသား နှစ်ဦးကို အကြမ်းဖက် PDF များက နေအိမ်တွင် လာရောက်သတ်ဖြတ်

အောက်တိုဘာ ၃၀

       မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊ကျွဲဇိမ်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံဝန်းရံသူ အမျိုးသား နှစ်ဦးကို ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်သမား PDF များက နေအိမ်သို့ လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့သည်။

         ယနေ့ နံနက် ၅ နာရီခွဲအချိန်ခန့် တွင် ထန်းတပင်ကျေးရွာနေ ဦးတိုးမြင့်၊၄၇နှစ်၊(ဘ) ဦးဆိုနီနှင့် ဦးဌေးအောင်၊၇၀နှစ်၊(ဘ)ဦးဘရှင်တို့သည် ၎င်းတို့နေအိမ်များ၌ အသီးသီးရှိနေစဉ် အကြမ်းဖက် သမား PDF ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး စိစစ်ဆဲသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးတိုးမြင့်နှင့် ဦးဌေးအောင်တို့တွင် ဦးခေါင်းထိမှန်ဒဏ်ရာများရရှိပြီး အခင်း​​ဖြစ် နေရာတွင် သေဆုံးခဲ့သည်ဟု သိရပါသည်။

       သေဆုံးသူနှစ်ဦးမှာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ၊မဲဆွယ်စည်း ရုံးရေးကာလက ပါတီအောင်နိူင်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူများဖြစ်၍ အကြမ်းဖက်သမားများက ယခုကဲ့သို့ သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရပါသည်။

     တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေခြင်း ဖြစ်ပါသည်။

#PAN