နိုဝင်ဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောလိုင်း ၁၅ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၅၀ စင်း ဆိုက်ကပ်မည်

အောက်တိုဘာ ၃၀

      ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောလိုင်း ၁၅ လိုင်းမှကုန်သေတ္တာတင် သင်္ဘောအစင်း ၅၀ ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ရန် လျာထားဆောင် ရွက်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရပါသည်။

        လာမည့် နိုဝင်ဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင် သင်္ဘောလိုင်း ၁၅ လိုင်း မှ ကုန်သေတ္တာ တင် သင်္ဘော ၅၀ စီး ဝင်ရောက်ဆိုက်ကပ်နိုင်ရန် ဆောင်ရွက်နေပြီး ထပ်မံတိုးချဲ့ပြေးဆွဲပေးမည့် အခြေအနေများ ရှိလာပါကလည်း ထပ်မံတိုးချဲ့ပြေးဆွဲမည့်စာရင်းကို ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ ထပ်မံ သိရှိနိုင်ရန် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

      ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ကုန်သေတ္တာတင်သင်္ဘောလိုင်း ၁၅ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၄၉ စီး ဝင်ရောက် ဆိုက်ကပ်ကုန်သွယ်မှု ပြုလုပ်ခဲ့သည်။

       ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည် တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့် တင်သွင်းနိုင်ရန်အတွက် ကုန်သေတ္တာတင် သင်္ဘောလိုင်းအသီးသီးမှ ခရီးစဥ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။

#PAN