အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိမ်အုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်ကို လူသတ်အကြမ်းဖက် PDF အဖွဲ့များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


အောက်တိုဘာ ၂၉

ယနေ့နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး(အနောက်)၊ အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိမ်အုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်၊ (ဘ)ဦးထွန်းရှင်၊ အသက် ၅၀ နှစ်ကို လူသတ်အကြမ်းဖက် PDF အဖွဲ့များမှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်၊ ကျွဲတဲကုန်းရွာ၊ ပဝါတနာပွဲမှအပြန် ချောင်းဝ(K)နှင့် ကျွဲတဲကုန်းရွာကြား အရောက်တွင် လူသတ်အကြမ်းဖက် PDF အဖွဲ့များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်း၏ ယိုးဒယား ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း တို့အား ယူဆောင်သွားကြောင်း သတင်းရရှိပါသည်။

PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ပြည်သူပေါင်း ထောင်နှင့်ချီ၍ ခေါင်းစဥ်အမျိုမျိုးဖြင့် သတ်ဖြတ်ခဲ့ ကြသည်ကို ယခုအခါ ပြည်သူအများစုက သဘောပေါက်နားလည်ကြပြီး ၎င်းအကြမ်းဖက်အဖွဲ့များကို တစ်နေ့တစ်ခြား ရွံရှာစက်ဆုပ်မုန်းတီးလာကြကြောင်း သိရသည်။

PAN