တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၂၉

     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တို ဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ် ကွက်၊ ဗိုလ်မှူးဗထူးလမ်းနှင့် ဖားရွှေကျော်လမ်း ထောင့်၌ လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)နှင့် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး သီရိရတနာဈေးအနီး၌ Toyota Mark II ယာဉ် တစ်စီး (ခန့် မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့် မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)ကို သိမ်း ဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

     ထို့အတူအောက်တိုဘာ၂၆ ရက်တွင်နေပြည် တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ နေပြည်တော် အမှတ်(၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် ကျောက်မျက်မီးပွိုင့်အနီး၌ လိုင်စင်မဲ့ Toyota Caldina ယာဉ်တစ်စီး (ခန့် မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

       ထို့အတူ အောက်တိုဘာ ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ် (သွင်းကုန်)၌ ဝန်စည်များအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် ဆေး ဝါးများဖြစ်သည့် Timmus 1 ကျောက်ကပ်ဆေးဘူး ၁၂၈၀ နှင့် Lodipam 5 သွေးထိန်းဆေး ၁၀၅၄၅ ဘူး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၅၈၁,၁၇၅)ကိုသိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် အောက်တိုဘာ ၂၇ ရက်တွင် တနင်္သာ ရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ ထောင်လမ်းဆုံအနီး၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာ ရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် Grand Royal Whisky (Black) ၁၀၈ ပုလင်း၊ Grand Royal Whisky(Smooth) ပုလင်း ၃၀၀ အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၀၇,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀)ကို ယစ်မျိုးဥပဒေအရလည်းကောင်း၊ ဘုတ်ပြင်းမြို့ အောင်စီကျေးရွာအနီး၌ တရားမဝင် အခြားသစ် ၆ ဒသမ ၀၈၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်
၉၁၃,၂၆၀)ကို သစ်တောဥပဒေအရလည်း ကောင်း၊ ထားဝယ်မြို့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှထားဝယ်မြို့သို့မောင်းနှင်လာသည့် ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာ တမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်နှစ်ကောင် ပဲဆီ ဖာ ၅၀၊ Rod Snack ၂၀၊ M-150 အချိုရည် ဖာ ၇၀ အပါအဝင်ကုန်ပစ္စည်း ငါးမျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၆၄၁,၀၀၀)နှင့်အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီးနှင့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ် နည်းများအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀,၇၆၁,၂၆၀)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

        ထို့ပြင် အောက်တိုဘာ ၂၇ ရက်တွင် ရခိုင်ပြည် နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မောင်တောမြို့နယ်၊ဇင်ပိုင်ညာ ရဲကင်းစခန်းနှင့် ကျီး ကန်းပြင်အကြား၌ လောင်းလှေလေးစင်းဖြင့် သယ်ဆောင်လာသည့် အကောက်ခွန်မဲ့ ကွမ်းသီး ပိဿာ ၂၅၀၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ် နည်းများအရလည်းကောင်း၊ သံတွဲခရိုင်အတွင်း၌ တရားမဝင်အခြားသစ် ၄ ဒသမ ၅၄၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀,၈၅၂) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၄၈၀,၈၅၂)ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် အောက်တိုဘာ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီး ဌာနအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း ၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၅၉၇ တန်၊ သစ်မာ ၂ ဒသမ ၆၅၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၄၁,၇၅၂)ကိုလည်း ကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၇၀၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂,၇၆၂) ကိုလည်းကောင်း၊ ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၆၅ ဒသမ ၅၃၉ တန် (ခန့်မှန်း
တန်ဖိုးငွေကျပ် ၄၅,၈၉၆,၂၆၈) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၀၇၀,၇၈၂) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှု တွဲ ၁၅ မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈,၈၉၄,၀၆၉)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော် မတီမှ သိရသည်။

#PAN