အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းပြုလုပ်ရန် ပြင်ဆင် ဆောင်ရွက်နေကြောင်းပြော

အောက်တိုဘာ ၂၇

       အစ္စရေးတင့်ကားများနှင့် တပ်ဖွဲ့ဝင်များ သည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းအစ္စလမ္မာစ်အုပ်စု ဟားမက်စ်တို့၏ စစ်ဘက်ဆိုင်ရာ အဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဂါဇာကမ်းမြောင် ဒေသသို့ အောက်တိုဘာလ ၂၅ ရက်ညပိုင်းက ဝင်ရောက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြားသည်။

     ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတွင် ပြု လုပ်သော စစ်ဆင်ရေးသည် တိုက်ခိုက်မှုခြေလှမ်းသစ် အတွက် ပြင်ဆင်ခြင်း ဖြစ်ကြောင်း အစ္စရေးကာ ကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ မိမိတို့၏တင့်ကားများနှင့် ခြေလျင်တပ်သည် အကြမ်းဖက်တပ်ဖွဲ့ဝင်များ၊ အခြေခံအဆောက် အအုံများနှင့် တင့်ကားပစ်ဒုံးခွင်းဒုံး အခြေစိုက်နေရာများကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတို့က ပြောကြားခဲ့သည်။

         အစ္စရေးတို့ ထုတ်ပြန်လိုက်သော ဗီဒီယိုတွင် မြေညှိစက်များနှင့်အတူ စစ်ကား ၁၀ စီးသည် မြေပြင်အခြေ အနေကို ရှင်းလင်းရန် ထွက်ခွာနေသည်ကို ဖော်ပြထားသည်။ ထို့အပြင် ဖြူမည်းဗီဒီယိုတွင် နယ်စပ်စည်းရိုးနားသို့ တင့်ကားပစ်လက်နက်ကြီးဖြင့် ပစ်ထားသဖြင့် တင့်ကားမှ မီးခိုးများ ထွက်နေသည်ကို တွေ့မြင်နိုင်သည်။ ဗီဒီယို ကို ညဘက်တွင်ရိုက်ထား သည်ဟု ယူဆရသည်။ ထို့နောက် အစ္စရေးစစ်သားများသည် အစ္စရေးဘက်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်ဟု အစ္စရေးစစ်ဘက်က ပြောသည်။

      အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း အောက်တို ဘာလ ၂၅ ရက်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ သို့သော်လည်း မည်သည့်အချိန်စတင်မည်ဟု ဖော်ပြခြင်း မပြုခဲ့ပေ။ အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ်ချက်ချခြင်းများကို စစ်ဘက် ဆိုင်ရာ ဝန်ကြီးများအဖွဲ့နှင့် အဆင့်မြင့်အရာရှိကြီးများနှင့်ဆွေးနွေးပြီးနောက် ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။ ထို့ပြင် ဝန်ကြီး ချုပ်နေတန်ယာဟု က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းမှတစ်ဆင့် နှစ်နိုင်ငံခေါင်းဆောင်များအနေ ဖြင့် ဓားစာခံများကို ဘေးအန္တရာယ်ကင်းရှင်းစွာ လွှတ်ပေးရန် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က အောက်တိုဘာလ ၂၅ ရက်က ကြေညာခဲ့သည်။ နှစ်ဖက်ဖြစ်ပွားသော တိုက်ခိုက်မှုများအတွင်း ၈,၄၀၀ ကျော်သေဆုံးခဲ့ပြီး အစ္စရေးဘက်မှ ၁,၄၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း NHK သတင်းဌာနမှ ဖော်ပြ ထားသည်။

#PAN