“ဝ” ပြည်နယ်ပြည်သူ့အစိုးရ ဒုဥက္ကဋ္ဌဆိုသူ သေဆုံး

အောက်တိုဘာ ၂၇
“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ အမြဲတမ်းအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး “ဝ” ပြည်နယ် ဒုဥက္ကဋ္ဌ ဖြစ်သည့် ရှောက်မီလျန်သည် ပန်ခမ်း (ပန်ဆန်း) မြို့ရှိ ၎င်း၏နေအိမ်တွင် ကင်ဆာရောဂါဖြင့် ယနေ့ သေဆုံးသွားကြောင်း သိရသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/ UWSA)၊ ထိပ်ပိုင်းခေါင်ဆောင်တစ်ဦးဖြစ်သည့် ရှောက်မီလျန်သည် ကွယ်လွန်ချိန်တွင် အသက် ၈၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

PAN