၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း ၆၂၃ တွဲ ရောင်းချနိုင်ခဲ့

အောက်တိုဘာ ၂၇

       ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက် စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှ စတင် ၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက် စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
ကျောက်စိမ်း အတွဲပေါင်း ၆၂၃ တွဲ
ရောင်းချရ

      ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ ၇၅၃ တွဲ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၆၂၃ တွဲ ရောင်းချရကြောင်း ထုတ်ပြန်ကြေညာသည်။

      ပြပွဲအဋ္ဌမနေ့တွင် ရောင်းချမည့်ကျောက်စိမ်း အတွဲပေါင်း ၁၀၀၀ ကို ပြည်တွင်းရတနာ ကုန် သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သတ်မှတ်တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

       ယင်း ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ၏ ဈေး နှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက် စစ်ဆေးကာအောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ကြေညာသွားမည်ဖြစ်သည်။

      မြန်မာ့ပုလဲအတွဲ ၂၀၂၃ ခုနှစ် နှစ်လယ်ကျောက် မျက်ရတနာပြပွဲတွင် ၃၀၀ နှင့် ကျောက်မျက်အတွဲ ၇၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင် ကျောက်စိမ်းအတွဲ ပေါင်း ၄၀၄၅ တွဲကို နေ့ရက် အလိုက်ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက် ကျောက် စိမ်းအတွဲ၇ဝ၂ တွဲကို လည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက် ကျောက်စိမ်းအတွဲ ၆၀၁ တွဲကိုလည်းကောင်း၊ ပြပွဲသတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၃ တွဲအနက် ကျောက်စိမ်းအတွဲ ၆၂၃ တွဲကိုလည်း ကောင်း ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောက်စိမ်းအတွဲ ၁၇၉၂ တွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၂၈ ရက်အထိ ပြည်တွင်းရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည် ဖြစ် ကြောင်း သိရသည်။

#PAN