မောင်တောမြို့နယ်တွင် ကျပ်သိန်း ၂၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တရားခံများ ဖမ်းဆီးရမိ

အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်အတွင်း လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများက လှည့်ကင်းဆောင်ရွက်စဉ် ယမန်နေ့ နံနက်ပိုင်းက ကျပ်သိန်း ၂၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တရားခံများ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိ
ပါသည်။

အဆိုပါမူးယစ်ဆေးဝါးသယ်ယူပို့ဆောင် ဖြန့်ဖြူးနေသူကို မောင်တော-ကြိမ်ချောင်းသွားကားလမ်း၏ အနောက်ဘက် ကျီးကန်းပြင်(အနောက်)ရွာ(ရွာပျက်) ဗလီ(ပျက်)အနီးသို့ ရောက်ရှိစဉ် ‌မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာနေ အောင်သိန်းလှ (၆၂)နှစ်၊ (ဘ)ဦးယိုင်ထွန်းစံနှင့် သိန်းဇော်(၄၆)နှစ်၊ (ဘ)ဦးမြမောင်တို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးခဲ့ရာ အဝါရောင် ပီနံအိတ်အတွင်းမှ WY/R စာတမ်းများပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၆,၂၅၀ ပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများ၏ စစ်ဆေးမေးမြန်းဖော်ထုတ်
ချက်အရ ‌အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာနေ ဦးမောင် (၃၂)နှစ်၊ (ဘ)ဦးစိန်ဖြူအောင်နှင့် ကိုကိုကျော်(၄၃)နှစ်၊ (ဘ)ဦးသင်္ခါကျော်တို့က ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ချိတ်ဆက်ဖမ်းဆီးခဲ့ရာ မွန်းလွဲ ၄ နာရီခန့်တွင် ကျီးကန်းပြင်စစ်ဆေးရေးဂိတ်၌ ဦးမောင်နှင့် ကိုကိုကျော်တို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများကို မူးယစ်ဆေးဝါးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်စပ်တရားခံများဖမ်းဆီးရမိရေး စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews