အောက်တိုဘာ ၂၅
မြန်မာ့ကော်ဖီကို ကမ္ဘာ့ကော်ဖီဈေးကွက်က စိတ် ဝင်စားမှုများလာခြင်းကြောင့် Made in Myanmar Brand ကော်ဖီများ ထုတ်လုပ်တင်ပို့နိုင်ရန် စက်မှုဝန်ကြီး ဦးချာလီသန်းက မြန်မာ့ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံက ကော်ဖီများကို ပြည်ပတင်ပို့နေရာ လက်ရှိတွင် ကော်ဖီကုန်ကြမ်းများကိုသာ အများဆုံး တင်ပို့နေရခြင်းဖြစ်၍ မြန်မာပြည်မှ ကုန်ချောအဖြစ်ထုတ်လုပ်ကာ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်တင်ပို့နိုင်ရန် ကော်ဖီလုပ်ငန်းရှင်များကို တိုက်တွန်းခဲ့ပါသည်။
နိုင်ငံတွင်းကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက် ဝက်ခန့်က အမေရိကန်အပါအဝင် ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နဲ့ ထိုင်ဝမ်နိုင်ငံများကို တင်ပို့ရောင်းချနေခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ကုန်စည်ဈေးကွက်တွင် ရေနံရောင်းဝယ်မှု ပြီးပါက ဒုတိယအရေးပါဆုံးသော သီးနှံကုန်စည်က ကော်ဖီဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံအနေနှင့် ပြည်ပဝင်ငွေရရှိနိုင်ရန် ကော်ဖီစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်သင့်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှာ ကော်ဖီစိုက်ပျိုးရာနေရာများက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသ၊ ချင်းပြည် နယ်၊ တီးတိန်ဒေသနဲ့ ရှမ်းပြည်နယ် ရွာငံဒေသတို့တွင် အဓိကစိုက်ပျိုးနေပြီး ပြင်ဦးလွင်နှင့် ရွာငံ စသည့်ဒေသများက ထွက်ရှိသည့် မြန်မာ့အာရေးဗီးကားကော်ဖီမှာ ကမ္ဘာ့အဆင့်မီ Special Coffee အဆင့်ကို ကမ္ဘာ့ကော်ဖီဈေး ကွက်တွင် ရရှိထားသည်ဟု မြန်မာ နိုင်ငံကော်ဖီအသင်းမှ သိရပါသည်။
#PAN