တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၂၅

     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင် ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ် ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တို ဘာ ၁၉ ရက်က ကံပိုင်တည်ကုန်သွယ်ရေးစခန်း၊ မြန်မာ-တရုတ်နယ်စပ် ချစ်ကြည်ရေးလိုဏ်ဂူအနီး (မြန်မာဘက်ခြမ်း)၌ ပိုင်ရှင်မဲ့ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် MIKAILO Beer ဘူး၇၂၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် AUMAN Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ အောက် တိုဘာ ၂၂ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပန်စုံကျေးရွာအနီး ရှောင်ကွင်းလမ်း၌စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် တရုတ်နိုင်ငံထုတ် Relx E-Cigarette Device ၈၅ ခု အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၄၀၀,၀၀၀)ကို လည်း ကောင်း၊ ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Camel Motorcycle Tube ၂၂၅၀ (ခန့်မှန်း
တန်ဖိုးငွေကျပ် ၁၁,၂၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Chenglong Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ မြဝတီကုန်သွယ်ရေးဇုန်၌ ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ကြောင်စာကီလိုဂရမ် ၄၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၀၀,၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄,၇၅၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီးအကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

     ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ် ဆေးမှုများဆောင်ရွက်ရာတွင် အောက်တိုဘာ ၂၁ ရက်က ပုသိမ်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၇၆၀ တန်၊ အခြားသစ် ၁ ဒသမ ၈၅၂ တန်(ခန့်မှန်းတန်ဖိုး ငွေ ၂,၂၄၁,၈၆၄ ကျပ်) နှင့် ဖျာပုံခရိုင်အတွင်း၌ အခြားသစ် ၁ ဒသမ ၇၆၂ တန် (ခန့်မှန်းတန်ဖိုးငွေ၁၂၃,၃၅၄ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း၊ အောက်တို ဘာ ၂၃ ရက်တွင် ပုသိမ်မြို့ ဝါးယားချောင်းလမ်း ဆုံအနီး၌ လိုင်စင်မဲ့ Honda Civic ယာဉ်တစ်စီး (ခန့် မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေ ၆,၃၆၅,၂၁၈ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ အောက်တိုဘာ ၂၂ ရက်တွင် ရှမ်းပြည် နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ အေးရှားဝေါလ်တိုးဂိတ်အကျော် နမ့်ခွန်ရွာအနီး လမ်းမကြီးဘေး၌ စုပုံထားသော အကောက် ခွန်မဲ့ ပစ္စည်းများဖြစ်သည့် တရုတ်နိုင်ငံထုတ် အပင်အားတိုးဆေး ဘူး ၄၀၀ (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အပြင် အောက်တိုဘာ ၂၃ ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း၌ တရားမဝင်အခြားသစ် ၃၂ ဒသမ ၆၀၁ တန် (ခန့်မှန်းတန်ဖိုးငွေ ၂၁,၄၁၇,၇၁၆ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း၊ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် ၌ လိုင် စင်မဲ့ Yinxing 125 ဆိုင်ကယ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၂၁,၅၆၇,၇၁၆ ကျပ်ကို သိမ်းဆည်းအရေးယူဆောင် ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၉ ရက်၊ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀ မှု (ခန့်မှန်းတန်ဖိုးငွေ ၂၉၄,၆၈၂,၉၃၄ ကျပ်) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN