အောက်တိုဘာ ၂၅
တရုတ်နိုင်ငံ၌ မကြာသေးမီကဖြစ်ပေါ်ခဲ့သည့်
နိုင်ငံတကာ ရေနံဈေးနှုန်းအပေါ်မူတည်၍ အောက်တိုဘာ ၂၅ ရက်မှစတင်ကာ ဓာတ်ဆီနှင့်
ဒီဇယ်ဆီ လက်လီဈေးနှုန်းများကို လျှော့ချသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွား ရေးစီမံချက်ရေးဆွဲသူတစ်ဦးက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားသည်။
လျှော့ချသွားမည်
ဓာတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းများကို တစ်တန်
လျှင် ယွမ် ၇၀ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၅
ဒေါ်လာခန့်) လျှော့ချသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က ပြောကြားသည်။
တရုတ်နိုင်ငံ၏ အကြီးဆုံးရေနံကုမ္ပဏီသုံးခုဖြစ်သည့် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း၊ တရုတ်ရေနံ ဓာတုကော်ပိုရေးရှင်းနှင့် တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်းတို့နှင့် ရေနံချက်စက်ရုံများသည် ရေနံထုတ်လုပ်မှုကို ထိန်းသိမ်းရန်နှင့် တည်ငြိမ်သောထောက်ပံ့မှုများရရှိစေရေး သယ်ယူပို့ဆောင်ရေးအဆင်ပြေစေရန်ညွှန်ကြားထားကြောင်း အဆိုပါကော်မရှင်က ပြောကြားခဲ့သည်။
#PAN