မက်ဂွိုင်းရားရဲ့အနိုင်ဂိုး၊ အိုနာနာရဲ့ ပင်နယ်တီကာကွယ်မှုနဲ့ အနိုင်ရရှိသွားတဲ့ မန်ယူ

အောက်တိုဘာ ၂၅

ယနေ့နံနက်အစောပိုင်းက ကစားခဲ့တဲ့ မန်ယူနဲ့ ကိုပင်ဟေဂင်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်းမှ မက်ဂွိုင်းရားရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်ယူအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံး နိုင်ပွဲကို ရရှိခဲ့ပါတယ်။

မန်ယူဂိုးသမား အိုနာနာ ကလည်း ကိုပင်ဟေဂင်ကို အနိုင်ရတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ အရေးပါတဲ့ ပယ်နယ်တီကာကွယ်မှုပြုလုပ်ခဲ့ပြီး သူ့ရဲ့ မယုံနိုင်လောက်တဲ့ စွမ်းဆောင်ရည်ကြောင့် အဖိုးတန် ၃ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းအတွက် အနိုင်ဂိုးကို ၇၂ မိနစ်မှာ အဲရစ်ဆင် ကန်တင်ပေးတာကနေ မက်ဂွိုင်းယားက ခေါင်းတိုက်သွင်းယူခဲ့ပြီး မန်ယူ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်က ပွဲပြီးခါနီးမိနစ်ပိုင်းအလိုမှာ ပေါ်ပေါက်ခဲ့ပါတယ်။

ပယ်နယ်တီဧရိယာအတွင်း တွမ်မီနေးရဲ့ ဘောလုံးဖျက်ထုတ်မှုအမှားကြောင့် မန်ယူအသင်း ပယ်နယ်တီပေးခဲ့ရပြီး ကိုပင်ဟေဂင်တိုက်စစ်မှူးဂျော်ဒန်လာဆင် ကန်သွင်းခဲ့ပေမယ့် အိုနာနာက လက်စွမ်းပြပုတ်ထုတ်ကာကွယ်နိုင်ခဲ့မှုကြောင့် အနိုင်ရရှိခဲ့ပါတယ်။